ဂျူး​မနှင့်ထက်မွန်ဆွေတို့ပြန်သွားတော့လွင်ဘုန်းခေတ်နှင့်လှမြတ်ထူးတို့နှစ်ယောက်တည်းအေးအေးဆေးဆေးစကားပြောနေကြသည်....

"တီချယ်ရန်ကုန်ပြန်လာရင် တွေ့ကြမယ်လေ"

"ဟုတ်..တီချယ်..အဲဒီအခါကျ ကျွန်တော့်ကိုရုပ်ရှင်လိုက်ပြရမယ်နော် လိုက်မပြရင်တီချယ်နဲ့ကျွန်တော်သေခန်းပြတ်ပဲ"

"ဟုတ်ပါပြီ..ကျွန်မကတိပေးပါတယ် "

"ကျွန်တော်သွားတော့မယ် တီချယ်ကျန်းမာရေးဂရုစိုက် ကျွန်တော်မရှိရင်တီချယ်တစ်ယောက်တည်းကျန်ခဲ့မှာ ညဘက်ဆိုခြံတံခါးနဲ့အိမ်တံခါးစောစောပိတ်"

"ဟုတ်ပါပြီ...ရှင်လေးလည်းလိမ်လိမ်မာမာနေပါ"

"ဟုတ်ကဲ့ပါတီချယ်..ကျွန်တော်သွားတော့မယ် " ဟု

နှစ်ယောက်သားဟန်ဆောင်မျက်ဝန်းတွေနှင့်ပြောကာနှုတ်ဆက်နေကြသည်...

အန်တီလေးနှင့်ခေတ်တို့နှစ်ယောက် ရန်ကုန်ကိုပြန်ရောက်တော့

"အန်တီလေး..ခေတ် ကျန်းမာရေးကောင်းတယ် ဟိုမှာဟန်ဆောင်ထားတာ ခေတ်ကိစ္စတစ်ခုကိုစုံစမ်းပြီးသိလာရလို့ စိတ်ဒဏ်ရာရတဲ့ပုံစံနဲ့ဟန်ဆောင်ခဲ့တာ" ဟုပြောလိုက်ရာ

"ခေတ်လေးတကယ်ပြောတာလား..ခေတ်လေးနေကောင်းတယ်ဆိုတာ" ဟု အန်တီလေးကတအံတသြမေးလေသည်..

"ဟုတ်တယ်..အန်တီလေး...ခေတ် အဲ့မြို့ကနေပြန်ပြောင်းဖို့အတွက် စိတ်အခြေအနေမကောင်းချင်ယောင်ဆောင်ခဲ့တာ ဒီအတိုင်းပြောင်းသွားရင်ဦးမင်းဇင်ရိပ်မိမှာစိုးလို့"

"ဘာသတင်းရခဲ့တာလဲ ခေတ်လေး အန်တီလေးကိုပြောပြ"

"ဦးမင်းဇင်ရဲ့သမီးကြီးအိမ့်သော်တာ ခေတ်ကိုပြောပြဖူးတယ် သူတို့အိမ်မှာခေတ်ရဲ့လည်ပင်းက ဆွဲကြိုးနဲ့တစ်ပုံစံတည်းတူတဲ့ဆွဲကြိုးနှစ်ခုရှိတယ်တဲ့ တစ်ခုက Lဆိုတဲ့စာလုံးအသေးပါပြီး နောက်တစ်ခုက မေမေ့နာမည်အတိုကောက် S ပါတဲ့တစ်ခုတဲ့ ခေတ်တို့Car accident ဖြစ်တဲ့နေ့က ဖေဖေနဲ့မေမေ့ရဲ့ပျောက်သွားတဲ့ဆွဲကြိုးတွေ ခေတ်ရဲ့ဆဲဲကြိုးကအဲ့နေ့ကဝတ်မသွားလို့ ပျောက်မသွားခဲ့တာ"

နင်သာရှိရင်Where stories live. Discover now