" လာ.... အစ်ကို လိုက်ပို့ပေးမယ်....တက်... "
သူ့ဆိုင်ကယ်ကိုပုတ်ပြရင်း လက်တစ်ဖက်ကဆိုင်ကယ်စီးဦးထုပ်ကိုလှမ်းပေးကာဆိုလာတော့ ဖူဝင်း မျက်လုံးကိုလှန်ကာ မော့ကြည့်လိုက်ပြီး ...
" မလိုဘူး..... ကျွန်တော် ကယ်ရီစီးသွားမှာ..."
" အိုးဟို...... ဘာလို့သူများဆိုင်ကယ်ငှားနေဦးမှာလဲ ဖူဝင်းရယ်.... အစ်ကို ကျောင်းအထိလိုက်ပို့ပါမယ်ဆို..... လာလာ... နောက်ကျနေမယ်....ရော့...ဦးထုပ်ဆောင်းဦး....."
ဖူဝင်း အဖြေကိုစောင့်မနေပဲ သူ့ဟာသူပြောကာ သူကိုယ်တိုင်ဆိုင်ကယ်ဦးထုပ်အတင်းဆောင်းပေးပြီး ဆိုင်ကယ်စက်နှိုးကာမေးငေါ့ပြလာတာမို့ ဖူဝင်း လဲ အလိုမကျတဲ့မျက်နှာအမူအယာကိုထင်ထင်ရှားရှားပြကာ ဆိုင်ကယ်ပေါ်ခွတက်လိုက်တော့သည်။
ဘန်ကောက်မြို့ရဲ့ မနက်ပိုင်းအချိန်တွေထုံးစံအတိုင်း ကားတွေကျပ်နေတဲ့လမ်းမပေါ် ဆိုင်ကယ်ကိုကျင်လည်စွာကွေ့ရင်းရှောင်ရင်း လေအဟုန်ကိုထိုးခွဲကာအရှိန်ပြင်းပြင်းမောင်းနှင်နေတဲ့ ကိုင်း အနောက်မှာထိုင်ရင်း ဖူဝင်း အတွေးလွန်နေမိသည်။
သူတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်လာပြီး ရှည်လျားမြင့်မားသောအရပ်အမောင်းနဲ့ တောင့်တင်းသောခန္ဓာကိုယ်ရှိသည်ဆိုပေမယ့် ကိုင်း နဲ့ယှဥ်လိုက်ရင်လူကောင်ပိုသေးသွားသလိုခံစားလိုက်ရသည်။
သန်မာကျစ်လစ်သောကြွက်သားတွေက ကိုင်း ကိုပိုပြီးယောကျာ်းပီသ ကာ ခန့်ငြား
တင့်တယ်သွားစေသည်။ ထို့အပြင် ကိုင်း ရဲ့သွားလာလှုပ်ရှားမှုပုံစံတွေက တစ်စုံတစ်ခုကိုလျို့ဝှက်ဖုံးကွယ်ထားသလိုလို.....ဖူဝင်း က ကိုင်း နဲ့တရင်းတနှီးမနေခဲ့ဖူးသူမို့ သူဘာတွေတွေးနေတယ်.....ဘာတွေလုပ်နေတယ်ဆိုတာကို မေးမြန်းခြင်းမရှိသလို စိတ်ဝင်စားမှုလဲမရှိခဲ့ပါ......
" ဖူဝင်း.... ဖူဝင်း.... "
" ဟင်.... ဘာလဲ...."
" ကျောင်းရောက်ပြီလေ....."
" သြော်..."
အတွေးလွန်နေတာကြောင့် ကျောင်းရှေ့ရောက်နေတာကိုတောင်သတိမထားမိလိုက်။
ကိုင်း ပြောမှသတိဝင်လာပြီး သူ ဆိုင်ကယ်ပေါ်ကဆင်းကာ ဦးထုပ်ကိုချွတ်ပေးလိုက်သည်။
YOU ARE READING
L O V E G U N
Fanfictionဂျပန်စီးပွားရေးလုပ်ငန်းရှင်တစ်ဖြစ်လဲငယ်ရွယ်ပြီးနာမည်ကြီးတဲ့ စန္ဒယား ပညာရှင် " ပွန်းနာရာဝစ် " ဟာ မိခင်ဖြစ်သူရဲ့အမိမြေဖြစ်တဲ့ထိုင်းနိုင်ငံကိုပြန်လာခဲ့ပါတယ် ဒါပေမယ့် သူ့ရဲ့အတိတ်ကကိစ္စတစ်ချို့ကြောင့် မကြာခဏဆိုသလိုအသက်အန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့နေရတာကြော...