Love Gun.... 01 ......Unicode

506 43 14
                                    

ဒိုင်း! 

ဒိုင်း ဒိုင်း ဒိုင်း !

" အား....."

ရုတ်တရက်ထွက်ပေါ်လာသော သေနတ်သံနဲ့လူတစ်ယောက် နာကျင်စူးဝါးစွာအော်ဟစ်လိုက်သောအသံကြောင့် သူ ဝယ်နေတဲ့နို့ဗူးလေးကို ပစ်ချကာ နီးစပ်ရာအကာအကွယ်အောက်မှာ ကိုယ်ကိုဝပ်ချလိုက်ရသည်။

ဘန်ကောက်မြို့လည်ခေါင်မှာ အခုလိုသိသာထင်ရှားစွာပစ်ခတ်မှုတစ်ခုဖြစ်ပေါ်လာခဲ့ခြင်းဟာ သွေးရိုးသားရိုးတော့မဖြစ်နိုင်ပေ။ သူ နေရာမှားကိုမှ အချိန်မှားပြီးရောက်လာခဲ့လေသလား......

မဖြစ်ဘူး... ဒီလောက်ဆူညံနေရင်မကြာခင်ဒီနေရာကို သက်ဆိုင်ရာရဲတွေရော သတင်း
ထောက်တွေပါရောက်လာလိမ့်မည်။ အနားကလူတွေက ဆိုရှယ်မီဒိယာကနေ ဒီအဖြစ်
အပျက်ကိုမှတ်တမ်းတင်ပြီး ဖြန့်ဝေကြလိမ့်မည်။

မတော်တဆများ ဒါတွေကို ဖခင်ဖြစ်သူမြင်သွားခဲ့ရင် သူ ထိုင်းကို ရောက်နေတာသ်ိသွားပေတော့မည် မဖြစ်ဘူး.... ဒီလိုအဖြစ်မခံနိုင်ဘူး .....

" ဟူး..... "

အတွေးနဲ့တင်မွန်းကြပ်သွားရတာမို့ ထိုအ​ခြေအနေမှ အမြန်ဆုံးရှောင်တိမ်းရန်ကြိုးစားလိုက်ရသည်။ အကာအကွယ်တစ်ခုချင်းစီနောက်ကနေပုန်းကွယ်ကာ အဝေးကိုထွက်
ပြေးဖို့သူကြိုးစားကြည့်ပေမယ့်လဲ.....

ဒိုင်း!

ဒိုင်း ဒိုင်း !!

သူ့ခေါင်းပေါ်ကနေ ဝှီးကနဲ ဝှီးကနဲ ပွတ်ကာ
သီကာကျော်ဖြတ်သွားကြသောကျည်ဆန်များ......

" ဘာလဲ.... အခုငါ့ကိုပစ်နေကြတာလား....."

ဒိုင်း!

မရေမရာအတွေးနဲ့ ခုံလေးပေါ်ခေါင်းပြူ
ကြည့်ဖို့ကြိုးစားလိုက်ချိန်မှာပဲ သူဆောင်းထားတဲ့ဦးထုပ်လေးက ကျည်ဆန်နဲ့ထိပ်တိုက်တွေ့ကာမြေပြင်ပေါ်လွင့်ကနဲကျသွားခဲ့ရပြီ....

ဒီလောက်ဆိုရင် သေချာပါပြီ ဒီကျည်ဆန်တွေရဲ့ပစ်မှတ်က သူဆိုတာကို.....

ဒါပေမယ့်ဘာကြောင့်လဲ ..... သူ အခုမှထိုင်းနိုင်ငံထဲဝင်လာတာ နာရီပိုင်းသာရှိသေးတာကို ဘယ်သူက ဘာအတွက်အခုလို အန္တရာယ်
ပြုချင်နေရတာလဲ........

L O V E    G U N Opowieści tętniące życiem. Odkryj je teraz