ဘတ်ဂျက်အကြီးစားရုပ်ရှင်အမျိုးမျိုးမှာ ဆီးနှင်းများကဲ့သို့ သူ့ဆီတဖွဲဖွဲရောက်လာခဲ့သော်လည်း သူကတော့ မည်သူ့ကိုမှ ရေရာသေချာတဲ့အဖြေမျိုး ချက်ချင်းပြန်လည်ဖြေကြားခြင်းမရှိခဲ့။

ထိုအစား လူထုပရိုးမိုးရှင်းခရီးစဉ်လှည့်လည်ပြီးတာနှင့် သူပထမဆုံးလုပ်သည်မှာ ယွီချင့်ဟွမ်အိမ်အပြေးသွားပြီး ရေခဲသေတ္တာထဲမွှေနှောက်ကာ ယွီချင့်ဟွမ်ရှေ့မှောက်ကြွားဝါပြခြင်းပင်။

"အဲ့ဒီနှစ် ဖျော်ဖြေရေးလောကထဲ ငါဝင်ဖို့ဆုံးဖြတ်လိုက်တုန်းက ငါ့အဖေငါ့ကိုရိုက်သတ်လုနီးပါးပဲ! အခုများကျတော့! လူတိုင်းကို သူ့သားက 'The Line of Life and Death' မှာပါဝင်သရုပ်ဆောင်ထားပါတယ်လို့ လိုက်ကြွားနေတယ်လေ ဟားဟားဟား!"

ယွီချင့်ဟွမ် ဘာမှပြန်မပြော။ သူသာ ပြန်ချီးကျူးမိလိုက်မယ်ဆို တစ်ဖက်သူ၏အမြီးမှာ ကောင်းကင်ထိအောင် တလှုပ်လှုပ်ခါယမ်းနေမည့်အတွက်ဖြစ်၏။ ကျောက်ချင်းယွမ်ပြောနေတာကို ဘာမှမကြားရသကဲ့သို့ 'How to Love You' ရဲ့ဇာတ်ညွှန်းကိုသာ သူ့ဘာသာလှန်လှောကြည့်နေလိုက်သည်။

ယွီချင့်ဟွမ်၏ စိတ်နေသဘောထားကိုနောကြေနေပြီဖြစ်တဲ့ ကျောက်ချင်းယွမ်ကလည်း အရေးတယူမလုပ်ပေ။ ဖက်ထုပ်ပေါင်းနှစ်ခုရှာတွေ့ထဲအထိ ရေခဲသေတ္တာထဲမွှေနှောက်နေပြီး ပါးစပ်ထဲထိုးထည့်ပြီးမှသာ ယွီချင့်ဟွမ်ဘေး အားရကျေနပ်စွာဝင်ထိုင်၍ တဖက်သူအား သူ့တံတောင်ဆစ်ဖြင့် လှမ်းတွတ်လိုက်သည်။

"အဲ့ဒါကိုကြည့်မနေနဲ့တော့ ဟေး ငါမင်းကိုလတ်တလောဖြစ်ပျက်သွားတဲ့ကိစ္စလေးတခုပြောပြရဦးမယ်၊ Kenn ကနေ Sports ကားတစီး လွန်ခဲ့တဲ့၂ ရက်က ငါဝယ်လိုက်တယ်၊ မင်းကြော်ငြာထားတဲ့ဟာ"

"ကားနောက်တစ်စီးထပ်ဝယ်တယ်?" ယွီချင့်ဟွမ်မှာ သူ့ဇာတ်ညွှန်းဆီကနေ ခေါင်းမော့လာပြီး သူ့အသံနေအသံထားမှာ သဘောမတူကန့်ကွက်လိုမှုတွေပြည့်လျက်။

ကျောက်ချင်းယွမ်မှာ ကားဝါသနာအိုးဖြစ်သည်။သူ့ကားဂိုဒေါင်မှာကားတွေဖြင့်ပြည့်နှက်နေပြီး ကားတစီးချင်းစီတိုင်းကလည်း အလွန်တန်ဖိုးမြောက်၏။ သို့သော် သူဟာ ငပျင်းတယောက်ဖြစ်ကာ ကားကိုဝယ်ပြီးတာနှင့် စီးတောင်မစီးဘဲ ရံဖန်ရံခါမှသာထုတ်ကြည့်တတ်သည်။ ၎င်းကို အလွန်ကြွယ်ဝချမ်းသာသူတယောက်၏ စိတ်နေစိတ်ထားလို့ယူဆနိုင်၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now