အတန်းပိုင်ဆရာမမှာ အိမ့်ကြည်ဖြူအဖေ၏ညီမ အိမ့်ကြည်ဖြူ၏အဒေါ်ဖြစ်တာကြောင့်အိမ့်ကြည်ဖြူအနေနှင့်လွင်ဘုန်းခေတ်ကို အရှက်ကွဲအောင်လုပ်လို့ပို၍လွယ်ကူသွားသည်..

အတန်းပိုင်ဆရာမရောက်လာပြီး..အတန်းထဲရှိအတန်းသားတွေအားလုံး၏အိတ်တွေကိုလိုက်စစ်ခိုင်းလေသည်...
လွင်ဘုန်းခေတ်၏အိတ်ထဲသို့စစ်သောအခါ..

"ဆရာမ..ဒီမှာတွေ့ပြီ..လွင်ဘုန်းခေတ်ရဲ့အိတ်ထဲကတွေ့တာ" ဟု ပြောလိုက်သောအခါ လွင်ဘုန်းခေတ်လည်းလန့်သွားပြီး..တစ်တန်းလုံး၏အကြည့်တွေသည်..လွင်ဘုန်းခေတ်ထံသို့ရောက်လာသည်..

"ဟာ.ငါမယူဘူးနော်...ငါ့မှာအဲ့လိုယူစရာအကြောင်းမရှိဘူး" ဟု ငြင်းနေပေမယ့် တစ်တန်းလုံးတီးတိုးစကားတွေပြောနေကြသည်..ထိုအထဲတွင်တော့လွင်ဘုန်းခေတ်၏အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သည့်ထက်မွန်ဆွေနှင့်ဂျူးမြတ်ထက်တို့မပါဝင်ပေ..လွင်ဘုန်းခေတ်အတွက်စိုးရိမ်စိတ်တွေနှင့်သာကြည့်နေကြသည်

"နင်မယူလို့ဘယ်သူယူမှာလဲ..နင်ခိုးထားလို့နင့်အိတ်ထဲကတွေ့တာ" ဟု အိမ့်ကြည်ဖြူတစ်ယောက်ကတော့ မဲ့ပြုံးပြုံးကာပြောနေသည်..

အတန်းပိုင်ဆရာမကလည်း "မင်းအိတ်ထဲကနေတွေ့တာ..မင်းငြင်းချင်သေးလို့လား" ဟုပြောဆိုလေသည်.

"ဆရာမ..ကျွန်တော်တကယ်မယူဘူး...ကျွန်တော်မယူပဲ..ကျွန်တော့်အိတ်ထဲရောက်နေတာ..ကျွန်တော်တကယ်မယူပါဘူးဆရာမရယ်" ဟု တောင်းပန်နေပေမယ့်လက်မခံပေ..

"နင့်ကိုရုံးခန်းပို့မလို့ပဲ..ဆရာမကြီးကအစည်းအဝေးသွားတော့..ငါကိုယ်တိုင်ပဲအပြစ်ပေးရမှာပေါ့" ဟု ဆိုကာ Whiteboardနောက်မှာ ထားထားသည့်ကြိမ်လုံးကိုယူကာ

"လာ.ရှေ့ထွက်ခဲ့" ဟု ပြောပြီး လွင်ဘုန်းခေတ် အတန်းရှေ့ရောက်တော့...ကြိမ်လုံးနှင့်အချက်ပေါင်းမရေမတွက်နိုင်အောင် အငြိုးနှင့်ရိုက်လေသည်....ရိုက်နေစဥ်အချိန်အတွင်းလွင်ဘုန်းခေတ်၏စိတ်အခြေအနေသည်ပုံမှန်မှာရှိမနေတော့ပါ..

ရိုက်တာနဲ့တင်မကျေနပ်လို့ အတန်းအပြင်၌မတ်တပ်ရပ်၍လက်မြှောက်ခိုင်းကာအပြစ်ပေးလေသည်..ဖြတ်သွားသည့်ကျောင်းသားတွေကလည်းလွင်ဘုန်ခေတ်ကိုကွက်ကြည့်သွားကာ ဘာဖြစ်တာလဲဟု စုံးစမ်းနေကြသည်..

နင်သာရှိရင်Where stories live. Discover now