"ဟင်"

တောင်ကုန်းပေါ်မှာမီးလောင်နေတယ်။သူမအိမ်
မှာများလား။အဲ့ဒီကုန်းပေါ်မှာသူမတစ်အိမ်ထဲသာရှိနေခြင်းဖြစ်တယ်။

ပိုက်ဆံကိုစားပွဲခုံပေါ်တင်၍ဆိုင်ထဲကအပြေးထွက်လာပြီးနောက်သူမအိမ်ရှေ့သို့ဆိုက်ဆိုက်မြိုက်မြိုက်အလျှင်အမြန်ရောက်ရှိသွားပြီးအတည်ပြုမိတယ်။

"စိတ်မကောင်းဘူး ကျူးရင့်ခြယ် ! မင်းလိုမိန်းမကအသက်ရှင်နေလို့လည်းအလကားပဲ"

ဟင်!။ဦမိုး!။

ထို့နောက်ဦးမိုးဟာထိန်လန့်ဖွယ်အနေအထားတစ်ခုကိုဆောင်ရွက်အကောင်ထည်ဖော်နေလေ၏။သူ၏ခေါင်းပေါ်မှာဓာတ်ဆီပုန်းကိုမြှောက်၍စပြီးခန္ဓာကိုယ်တစ်ခုလုံးကိုစိုရွှဲသွားအောင်လောင်းလိုက်တော့၏။

"ဘာလုပ်နေတာလဲ"

ပျိုတစ်ကိုယ်လုံးအေးစက်ပြီး၎င်းအခြေအနေကို
မည်ကဲ့သို့ဖြေရှင်းရမည်ကိုမစဉ်းစားတတ်။

"သေကြတာပေါ့ .. မင်းလည်းမကောင်းဘူး
မင်းလိုမိန်းမကိုသတ်မိတဲ့ငါလည်းမကောင်းဘူး
သေကြတာပေါ့ကွ!"

စိတ်မနှံ့တဲ့လူတစ်ယောက်လိုတစ်ယောက်ထဲ
စကားတွေပြောနေတဲ့ဦးမိုးရဲ့လက်ထဲကမီးခြစ်ကိုမကြာခင်မှာပဲသူခြစ်လိုက်၍သူ့အင်္ကျီစကိုမီးစွဲစေတော့၏။

ပျိုဟာအံဩတုန်လှုပ်နေပြီးမိမိပါးစပ်ကိုလက်ဝါး
နှစ်ဖက်ဖြင့်အုပ်ပိတ်ထားပြီးအရှင်လတ်လတ်မီး
လောင်ကျွမ်းနေသောဦးမိုးနှင့်မီးစွဲနေသောအိမ်ကြီးကိုကြည့်၍ကြောင်နေမိ၏။

အထဲကအမျိုးသမီး။

အကာအကွယ်တစ်ခုကိုရှာ၍-

ပျိုဟာမိုက်ရူးရဲဆန်စွာပဲထိုအိမ်ထဲကိုပြေးဝင်
သွားမိတော့တယ်။ဟိုတစ်စဒီတစ်စပြုတ်ကျနေ
သောမီးစွဲနေသည့်သစ်သားချောင်းများကိုရှောင်
ရင်းတိမ်းရင်းဖြင့်ပြင်းထန်နေသည့်စိတ်ဆန္ဒ၏အလိုအကျအတိုင်းသူမအခန်းရှိရာသို့ပြေးဝင်မိ၏။

"အန်တီ .. အန်တီ!"

သူမဟာခွေခေါက်နေ၍အပူဟပ်သည့်အရှိန်ကြောင့်တစ်ကိုယ်လုံးရဲနေပြီးချွေးစေးများပြန်နေတော့၏။

"ဆေးခါး" [ completed ]Tempat cerita menjadi hidup. Temukan sekarang