1.5K 182 7
                                    

[အချစ်ဟာ နှလုံးသားကို မြေဇာလုပ်ပြီး အတိုင်းအဆမဲ့ ကြီးထွားလာတဲ့ မျိုးစေ့လေးတစ်စေ့]

''one and tow and three and four''

dance club ကို join ထားတာ တစ်ပတ်ခန့်သာ ရှိသေးပေမယ့် လှုပ်ရှားမှုတွေက သူ့အတွက် လွယ်လွယ်ကူကူ။ တစ်ယောက်ချင်းစီ ကခိုင်းပြီးနောက်မှာ စည်းချက်ခေါ်ပေးနေတဲ့ ခေါင်းဆောင်ကတောင် ထုတ်ချီးကျူးလာတယ်။

''ဟန်ဘင်းက တော်သားပဲ''

''ဟုတ် ကျွန်တော် အရင်တည်းက အက ဝါသနာပါတော့ သင်တန်းတွေတက်ဖူးတာမို့ပါ''

နားချိန် တဖြတ်ပေးလိုက်တာနဲ့ အကျင့်ပါနေတဲ့ လက်က စီးကရက်တစ်လိပ်ကို အိတ်ကပ်ထဲကနေ နှိုက်ထုတ်မိတယ်။ အခန်းအပြင်ထွက် စီးကရက်ကို ဖွာရှိုက်နေချိန် နယ်မှာ ကျန်ခဲ့တဲ့ အဖေ့ဆီက ဖုန်းဝင်လာတယ်။

''အဖေရော နေကောင်းလား''

အဖေတစ်ခု သားတစ်ခုမို့ သူမရှိတော့ အဖေ့မှာ ပျင်းနေ၊ လွမ်းနေမှာ သိပြီးသား။ ဒါကြောင့် ဆိုးလ်ကို တူတူလိုက်ပြောင်းပါဆိုတော့လည်း ခေါ်မရ။

''တစ်ပတ်တလေလောက် စက်ရုံတွေပစ်ပြီး ဆိုးလ်တက်ခဲ့ပါဦး။  ပိုက်ဆံတွေချည်းရှာမနေနဲ့။ သားတစ်ယောက်တည်း အဲလောက် သုံးနိုင်မှာမှ မဟုတ်တာ။ ဒါမှမဟုတ် နောက်မိန်းမလေး ဘာလေးယူလိုက်ပါလား၊ အဖေလည်း အဖော်ရ၊ သားလည်း စိတ်ချတာပေါ့''

အဖေ့ဆီက အဆဲခံလိုက်ရတာမို့ ရယ်နေမိတုန်း လေထဲမှာ ပျံ့လွင့်လာတဲ့ ရေမွှေးနံ့ သင်းသင်းလေး။ တဆက်တည်း မြင်ကွင်းထဲ ဝင်လာတဲ့ ဖိနပ်ထိပ်ကလေး။ မော့ကြည့်လိုက်တော့ မျက်စိရှေ့ တည့်တည့်မယ် ဖြူနှစ်နေတဲ့ အသားအရေနဲ့ အရုပ်ကလေးတစ်ရုပ်။ ကြောင်ကြည့်နေမိဆဲမှာ အရုပ်ကလေး မဟုတ်ကြောင်း သက်သေထူသလို အပြုံးတစ်ပွင့်နဲ့ ရှေ့တိုးလာပြီး...

''ကိုယ်အထဲဝင်ချင်လို့၊ လမ်းဖယ်ပေးလို့ ရမလား''

ဒီတော့မှ စိတ်နဲ့ လူနဲ့ ပြန်ကပ်ကာ အခန်းတံခါးဝကို ပိတ်ရပ်ထားမိမှန်း သတိရတယ်။

What is love?Where stories live. Discover now