Part 5

843 48 2
                                    

Differential Us 5

အဝေးကိုမောင်းထုတ်ခဲ့တာလည်းကိုယ်ဘဲ အနားမှာ ရှိစေချင်ပြန်တော့လည်း ကိုယ်ဘဲ ၊ ရိပေါ် မင်းကငါ့စကားကို အရမ်း နားထောင်တာဘဲ ငါမျက်စီရှေ့ပေါ်မလာနဲ့ဆိုတိုင်း ပေါ်မလာစရာလားး အရင်လို ဆိုးသွမ်းတဲ့ ရိပေါ်ကိုပြန်လိုချင်တယ် အခုလို စကားနားထောင်းတဲ့ ရိပေါ်ကို မလိုချင်ဘူး။ ရိပေါ် ငါမင်းနဲ့ကြားမှာ စည်းခြားထားတာ မှန်ရဲ့လားတောင်ငါမသိဘူးး။ အမှန်ဆို မင်းမှာ ဘာအပြစ်မှ မှမရှိတာ ငါ့ရဲ့စွဲလမ်းတက်တဲ့ စိတ်တစ်ခုကြောင့် ငယ်စဉ်ကရခဲ့တဲ့ စိတ်ဒဏ်ရာတွေကိုယ် ငါကြောက်လန့်နေမိတယ်။ ငါကြောင့်မင်းတစ်ခုခုဖြစ်သွားမှာဆိုးတယ်။ ဒါပေမဲ့ ငါအခုလို တစ်ဖက်သက် တစ်ကိုယ်ကောင်းဆန်လိုက်တာကြောင့် မင်းကိုယ်ပိုပြီး ထိခိုက်သွားမှာကိုလည်း ငါကြောက်တယ်။ ငါမင်းကိုယ် လက်မလွတ်နိုင်ဘူး ရိပေါ်ရယ် အဲ့လိုဘဲ ဖမ်းဆုတ်ထားဖို့ကျပြန်တော့လဲ မင်းနာကျင်ရမှာ ကိုလည်းး ငါမလိုလားပြန်ဘူးး။ အရာအားလုံးကိုယ် လစ်လှူရှူပြီး ဘယ်သူမှမရှိတဲ့ နေရာ၊ ထိခိုက်မူတွေမရှိမဲ့နေရာကိုယ် မင်းလက်ကိုယ်ဆုတ်ကိုင်ပြီး ထွက်သွားချင်မိတယ်။

"အကိုရှောင်း  ကျွန်တော်ခေါ်နေတာကြာလှပြီးး "
"Sorry ၀မ်နင်း order တက်လို့လားး "
" အကိုရှောင်း ကိုယ့်တွေ့ချင်တယ်ဆိုလို့ ဝိုင်းနံပါတ် ၁၈ မှာ စောင့်ခိုင်းထားတယ် "
ဝိုင်းနံပါတ် ၁၈ ဆိုတာနဲ့အခုန်မြန်လာတဲ့ ဘယ်ဘက်ခြမ်းက ပိုင်ရှင်ကိုစောင့်မျှော်နေမှန်းသိသားလွန်းလှတယ်။ ဒါပေမဲ့ ဝိုင်းနံပါတ် ၁၈ ကတွေ့ချင်သူက မျှော်နေသူတော့မဟုတ်ခဲ့ဘူး။

"ဟို ကျွန်တော်ကိုတွေ့ချင်တယ်ဆိုလို့ပါ အားရီ "
"ထိုင်လေ သားက ရှောင်းကျန့်လေးထင်တယ်"
"ဟုတ်ကဲ့ "
"အားရီကိုတော့ သားကသိမှာမဟုတ်ပါဘူး အားရီကသာ သားကိုသိနေတာ ၊ အားရီ အခုလို့သားကို လာတွေ့တာ စိတ်မဆိုးပါနဲ့ ၊သားရဲ့စိတ်နဲ့ ဆုံးဖြတ်ချက်ကိုယ် အားရီအလေးမထားတာမဟုတ်ပါဘူးး ဒါပေမဲ့ အားရီကို ကူညီတဲ့‌အနေနဲ့ ၀မ်လေးကိုယ် တားပေးလို့မရဘူးလားကွယ် ၊အားရီ သားလေးကအရင်လိုပြုံးပြုံးရွှင်ရွှင်မနေတော့ဘူး၊ သူ့ သူငယ်ချင်းတွေနဲ့လည်း အရင်လိုအပေါင်းသင်းမလုပ်တော့ဘဲ အိပ်ခန်းထဲတစ်ယောက်ထဲနေတော့တယ် ၊ အားရီတို့နဲ့ပါ အခေါ်အပြောမလုပ်ဘဲ တစ်ယောက်ထဲ တစ်မှိုင်မှိုင်တစ်ထိုင်ထိုင်လုပ်နေ‌တယ်၊ အစားအသောက်လဲပုံမှန်မစားဘူး၊ အဆိုးဆုံးကတော့ အခု US ကိုယ်ထွက်သွားတော့မယ်တဲ့ အားရီတို့မျက်စီအောက်မှာတောင် အခြေနေဒီလောက်ဆိုးနေတာ အားရီတို့ မျက်စီအောက်မှာ မရှိတော့ရင် သားလေးအခြေအနေဘယ်လောက်ထိရောက်သွားမလဲ အားရီဆက်မတွေးနိုင်တော့ဘူးး ဒါကြောင့် သားရှောင်းကျန့်က အားရီကိုကူညီပေးလို့မရဘူးလား အားရီသားလေးကိုယ် တားပေးပါအုံး သားလေးမထွက်သွားအောင် ကူညီပါ ဟင့့် အားရီတောင်းဆိုတာပါ ဟင့်"

Differential Us (Complete)Where stories live. Discover now