Part 10

814 35 2
                                    

Differential Us 10

မနက်ခင်းး နေအလင်းရောင်ဆူးဆူးကြောင့် ရိပေါ်မျက်ခုံးနှစ်ခု တွန့်ချိုးလို့နေတယ်။ နေအလင်းရောင်က မျက်နှာကို တိုက်ရိုက်ကျနေတာမို့ အိပ်စက်ဖို့ရာအဆင်မပြေဘူး။ ညကအခန်းလိုက်ကာ သေချာပိတ်လိုက်ပါတယ်။ မဟုတ်မှ မပိတ်မိတာလား။
"အားး မဟုတ်ဘူးလေ ညက ဘဲကြီးအိမ်လိုက်လာတာလေ "
"ရိပေါ်် တစ်နေနေရာ နာနေလို့လားး "
"မဟုတ်ပါဘူး"
"အော်သံကြားလိုက်ပါတယ် နာနေသေးရင်အားမနာနဲ့နော် ကောကိုပြော"
"အဲ့လိုမဟုတ်ပါဘူးး မရင်းနှီးတဲ့ အခန်းမို့ အတွေးလွန်နေရင်း ဘဲကြီးအခန်းမှန်း သတိရသွားလို့ လန့်ပြီး အော်လိုက်မိတာ "
" အာာ အဲ့တာဆို မျက်နှာသစ်တော့‌ သွားတိုက်တံအသစ် ရေချိုးခန်းထဲ ထည့်ထားပေးတယ် ကောမနက်စာ ပြင်ထားမယ် "

"မနက်စာက နောက်မှ စားလဲရပါတယ် မနေ့ညက ကစ္စရှင်းပြပါအုံးး ညကတည်းကသိချင်နေတာ မနက်ကျရှင်းပြမယ်ဆိုလို့ အိပ်လိုက်တာ အခုမနက်ရောက်ပြီး ပြောပြတော့ "
"ရိပေါ်က ဘယ်ကစသိချင်တာလဲ"
"ကျန်းချန်တို့နဲ့ ဘယ်လိုသိပြီးလိုက်လာတာလဲ ၊သူတို့ကို ခများကိုမပြောဖို့စာပို့ထားတာ "
"ရိပေါ်စာပို့တဲ့အချိန်က သူတို့နှစ်ယောက်က ကောဆိုင်မှာလေ၊ မင်းရှိက စာ၀င်တာနဲ့ နှစ်ယောက်လုံး  မျက်စီမျက်နှာပျက်နေကျတာ ကော အစ်မေးတော့မှ ချင်းချန်က ရှင်းပြတာ ၊ကောနဲ့ပတ်သက်တဲ့ကစ္စကြောင့် မင်းတို့တစ်ခုခုဖြစ်မှာ မလိုချင်ဘူးလေ ၊ သူတို့ နှစ်ယောက်ကမလိုက်ဖို့ အတန်တန်တားပါတယ် ကောက အတင်းလိုက်လာတာ"

"ဒါဆို ဘဲကြီး ရှောင်းပါးနဲ့ကစ္စကိုကြိုသိနေတာပေါ့ ၊ နောက်ယောင်ခံလိုက်တဲ့ ကားကစ္စလဲ သိတယ်မလား၊ အဲ့တာကိုကျွန်တော်မေးတုန်းက မသိဘူးပြောတာလဲ ၊ကျွန်တော်ကိုနည်းနည်းလေးတောင်မယုံကြည်ဘူးလား"
"အဲ့လိုမဟုတ်ပါဘူးကွာ ကောကြောင့် မင်းကိုမထိခိုက်စေချင်လို့ပါ ၊ ရှောင်းပါးအကြောင်းကလည်း စစ်တာကြီးဖုန်းဆက်လို့ သိရတာ ကောတို့လို မိဘမဲ့ဂေဟာက လူမျိုးကိုလာရှာမဲ့သူမှမရှိတာ အချက်လက်တွေအတိကျနဲ့ လာရှာတယ်ဆိုကတည်းက မိဘတွေနဲ့ပတ်သက်မယ်ဆိုတာ ရိပ်မိလို့ စစ်စတာကြီးကို ကောအကြောင်းတွေ ပေးခိုင်းလိုက်တာ ၊ ကားကစ္စကလည်း နောက်ယောင်ခံလိုက်တဲ့ ကားက တန်ဖိုးကြီးကားဖြစ်တဲ့အပြင် အနက်ရောင်ကြီး ပြီးတော့ ကားနံပါတ်ကလည်း တစ်ခုထဲ ဂေဟာမှာလူလာရှာပြီးကတည်းက အဲ့လိုတန်ဖိုးကြီးကားတစ်စီးက ကောပတ်၀န်းကျင်မှာ တစ်ဝဲလည်လည်ဖြစ်နေတာမို့ သတိထားမိနေတာပါ ၊ မင်းကိုမပြောပြဘူးဆိုတာလဲ  ကားက ကောအနားမှာ ရှိပင်မဲ့ ကောကိုအန္တာရယ်မဖြစ်စေဘူးလေ အဲ့ကြောင့် မင်းကိုစိတ်မပူစေချင်လို့ပါ၊
မင်းကိုမယုံလို့ မဟုတ်ဘူး ကောတောင် ဘာမှန်းရည်ရည်ရာရာမသိလို့ မင်းကိုမပြောပြတာပါ"

Differential Us (Complete)Waar verhalen tot leven komen. Ontdek het nu