"အဲဒါဆို..တီချယ်တစ်ယောက်တည်းနေရမှာလား..ကျွန်တော်စိတ်မချပါဘူး" ဟု ပါးစပ်ကနေလွှတ်ခနဲပြောလိုက်မိသည်..
"စိတ်မချရင်...ကျွန်မနဲ့အတူလာနေပေးပေါ့"
ခေတ်ကိုသေချာကြည့်ပြီးပြောလာသည့်စကားတွေကြောင့်"အဲဒါဆို..ညနေကျပြန်လာခဲ့မယ်..အခုတော့..အိမ်ခဏပြန်လိုက်အုံးမယ်..ထက်မွန်ဆွေနဲ့အတူသွားစရာလေးလည်းရှိလို့"
"အင်း.." ဟု တစ်လုံးတည်းသာပြန်ဖြေလိုက်ရသည်..ကိုယ့်မှာ သူဘယ်သွားမှာလဲလို့မေးပိုင်ခွင့်လည်းမရှိပေ..
အင်း..ဟု တစ်လုံးတည်းပြန်ပြောလိုက်သည့်..တီချယ့်ကို
"တီချယ်တစ်ယောက်တည်းပျင်းနေရင် အတူတူလိုက်ခဲ့ပါလား" ဟု ခေါ်လိုက်သောအခါ..ခေတ်ရဲ့စိတ်အထင်အရဆို တီချယ့်မျက်နှာမှာခုနကနှင့်မတူတော့ပဲ အရောင်ပြောင်းလာကာ
"ဘယ်ကိုသွားမှာ မို့လို့လဲ"
"မြို့ပြင်ဘက်ခဏသွားမှာ..ခေတ်ရဲ့ဖေဖေနဲ့မေမေ ကားaccidentဖြစ်ခဲ့တဲ့နေရာကိုသွားကြည့်ချင်လို့" ဟု အသံမှာပုံမှန်မဟုတ်ပဲ ဝမ်းနည်းသည့်ပုံစံပေါက်သွားသည်..
ထိုစကားကိုကြားတော့..လှမြတ်တော်တော်လေးကိုစိတ်မကောင်းဖြစ်သွားသည် ..ထို့ကြောင့်..
"လိုက်ခဲ့မယ်လေ...ဘာနဲ့သွားမှာလဲ..စက်ဘီးနဲ့ပဲမဟုတ်လား"
"ဟုတ်တယ်..တီချယ်...အထုပ်တွေကိုအိမ်မှာပြန်ထားပြီး..တီချယ့်ကိုလာပြန်ခေါ်မယ်..ပြီးတော့မှတီချယ်နဲ့အတူတူထက်မွန်ဆွေကိုဝင်ခေါ်လိုက်မယ်"
"အင်း...သွားတော့..တီချယ်အဆင်သင့်ပြင်ထားပြီးစောင့်နေမယ်"
"ဟုတ်..အဲဒါဆိုသွားပြီ" ဟု တီချယ့်ကိုနှုတ်ဆက်ကာ အန်တီမြတို့အိမ်သို့..ပြန်လာခဲ့လိုက်သည်..
ခေတ်..အိမ်မှာ အထုပ်တွေပြန်ထားပြီး အန်တီမြကိုတီချယ့်ဆီမှာသွားအိပ်မည့်အကြောင်းခွင့်တောင်းကာ..တီချယ့်ဆီသို့ပြန်လာခဲ့လိုက်သည်..
တီချယ့်အိမ်ရှေ့သို့ရောက်သောအခါ..အိမ်ရှေ့တွင်အဆင်သင့်ရပ်စောင့်နေသည့်တီချယ့်ကို
Part 4
Start from the beginning