အပိုင်း(၁၃)

Start from the beginning
                                    

*WTF*

နေမျိုးကျက်သရေလှေကားမှာတင်အသက်ထွက်သွားသလိုပင်။

အဖြူရောင်ဒူးဖုံးဂါဝန်လေးကိုဝတ်ကာဆံနွယ်များအားတစ်လွှာစီးထားသည်။မထူမပါးမိတ်ကပ်အနည်းငယ်ကပင် နဂိုရှိရင်းစွဲ မျက်နှာဖြူဖြူအုအုလေးကို ပျားရည်ပေါ်သကာလောင်းသကဲ့သို့အပြုံးနုပါထပ်၍တွဲခိုထားသည်။

သူရပ်တန့်နေစဉ်မှာပင် သူမအကြည့်တို့ကသူ့ဆီသို့ကျရောက်လာပေသည်။

*အချစ် ဒါအချစ်ပဲ နွေးထွေးလှတဲ့ခံစားချက် အကြည့်တစ်ချက်တောင်အဲ့လောက်နွေးထွေးခဲ့ရင် ဘဝနဲ့သာရင်းတဲ့အခါ အရှင်ဘုရား...ကျွန်တော်မျိုး‌ထိုသခင်မခြေတော်ရင်းခစားရပါလို၏*

"ဟိတ်ကလေး ဒို့ကိုလာကြိုတာမဟုတ်ဘူးလား"

"ဗျာ ဟုတ်ဟုတ်"

"လာကြိုတဲ့ရှင်လေးကနော် အိတ်လေးတောင်မသယ်ပေးပဲနဲ့ လှေကားမှာပဲငုတ်တုတ်မေ့နေလေသလား"

"မဟုတ် မဟုတ်ပါဘူး လှ လှလို့"

"ဒို့လှတာခုမှသိလေရော့သလား"

"နဂိုထဲကလဲ လှပါတယ် ဒါပင်မဲဒီနေ့မှာမနေ့ကထက်ပိုလှနေတယ်"

"ဟားဟား ဟုတ်ပါပြီကွယ်"

နေကြီးအားမခို့တရို့ရှက်ရယ်လေးရယ်ကာပြောလာသောသူမ

"နောက်မှမုန့်ဝယ်ကျွေးမယ် ကဲခုတော့အပေါ်တက် စာသင်မယ်"

နေမျိုးကျက်သရေလဲသူမလက်ထဲမှအိတ်လေးအားဆွဲယူလိုက်သည်။သူမကတော့အနောက်မှလိုက်လာသည်။

အပေါ်ထပ်ရောက်တော့ကျန်လူများမှနေရာမှာအဆင်သင့်ထိုင်နေကြပြီဖြစ်သည်။

"ကဲကလေးတို့စာအုပ်ထုတ်လားနော် ဆရာမခြေထောက်လေးဆေးချင်လို့ မိုးရွာတော့ရေလေးတွေစင်လာလို့"

စကားအပြီးနှင်းမေဝင်သွားပြီဆိုတာနဲ့ နေမျိူးကျက်သရေ အရှေ့တန်းမှာထိုင်နေရာမှနောက်ကလူတွေဆီကို notepad ဖြင့်စာရေးကာပို့လိုက်သည်။

'ငါ့အပျိုကြီးကိုသုံးစက္ကန့်ထက်ပိုကြည့်တဲ့လူ ကျူရှင်ဆင်းကိုင်ပေါက်ခံရမယ်'

𝘈𝘱𝘱𝘳𝘦𝘤𝘪𝘢𝘵𝘦 𝘛𝘩𝘦 𝘍𝘭𝘰𝘸𝘦𝘳 𝘠𝘰𝘶 𝘞𝘦𝘢𝘳Where stories live. Discover now