ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{22}

Почніть із самого початку
                                    

"အလုပ်အကိုင်က?"

"မေမေဒါတွေမေးပြီးဘာလုပ်မလို့လဲ"

"ဂွန်းအု မင်းဝင်မပါစမ်းနဲ့ မင်းပါးစပ်ပိတ်ထား"

"ဟို.... Engineer ပါဗျ"

ဖြေပြီးတာနဲ့ ဟာအိုမျက်နှာချလိုက်မိ၏
ဟာအိုက မောင့်တို့အသိုင်းအဝိုင်းထဲရောဝင်ဆံ့ပါမလား

"အော်...အလုပ်အကိုင်ကတော့ မဆိုးပါဘူး...ဒါပေမဲ့"

ဒါပေမဲ့ဆိုသည့် နောက်ကနေလိုက်လာမည့် စကားတွေကဘာများလဲ မောင့်နဲ့ဟာအိုကိုတော့ သဘောမတူနိုင်ဘူးဆိုတဲ့ စကားများလား

"ဒါပေမဲ့ မင်းတို့အမေ့အိမ်ကိုပြောင်းလာရမယ်"

ရုတ်တရက်ပြောလာသည့်စကားကြောင့်
ဟာအိုခေါင်းငုံ့နေရာကနေ မောင့်မေမေကိုကြည့်မလိုက်၏ မောင့်မေမေကဟာအိုကိုပြုံးပြကာ

"မင်းကချစ်စရာလေးပဲ ဒါကြောင့် အမေ့သားက မင်းကိုအရူးတစ်ပိုင်ဖြစ်သွားတာကို"

"...."

"အမေမင်းတို့ကိုတောင်းပန်ပါတယ်ကွယ်..
မိဘဆိုတော့လည်း ကိုယ့်သားသမီးဆီက ဒီစကားကိုကြားလိုက်ရတော့ ထိန့်လန့်သွားခဲ့ပြီး ကိုယ့်သားအရင်းကိုတောင်‌အမွေပြတ်စွန့်လွှတ်လိုက်မိခဲ့တာက အမေကဒေါသကိုရှေ့တန်းတင်မိသွားခဲ့တာလေ"

"မဟုတ်တာ အန်တီရယ် တောင်းပန်စရာမလိုပါဘူး အန်တီမှန်ပါတယ်မိဘတိုင်းကဒီလိုပါပဲ"

"ကျေးဇူးပါသားရယ်....သားကတကယ့်ကိုအကြည်ဓာတ်‌
လေးပအခုအမေ့ကို အန်တီလို့ခေါ်စရာမလိုတော့ဘူးထင်တယ်တကယ်လို့သားအစဉ်မပြေလို့မခေါ်ချင်ဘူးဆိုလည်းရပါတယ် ပြီးတော့ သားတို့အတွက် အိမ်သီသန့်စီစဉ်ပေးရမလား အမေတို့နဲ့ပဲအတူနေမလား"

"မေ..မေမေသဘောပါပဲ ကျွန်တော်ကရပါတယ်"

ဟာအိုက "မေမေ" ဟုခေါ်လိုက်သောကြောင့် ပြုံးလာတဲ့‌မောင့်မေမေ မောင်နဲ့မောင့်မေမေတို့မှာ တူညီတဲ့တစ်ချက်တော့ရှိ၏ ထိုအရာကတော့ ဟာအိုကိုနူးညံ့စွာကြည့်ရင်းပြုံးတက်သည့် အပြုံး

ဟာအိုတို့နဲ့မောင့်မေမေတို့အဆင်ပြေသွားကျသည်ကို ဟာအိုအခုထိမယုံနိုင်သေး ဒါကအိမ်မက်သာဆို ဟာအိုအခုထိမနိုးထချင်သေးပါဘူး။

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now