"ယူဂျင် မင်းကလည်းကွာ တစ်အိမ်ထဲ တစ်ခန်းထဲ အတူတူနေတာကို စကားလည်းမပြောဘူး"
"နေ့တိုင်းမြင်နေရတာကို ငါကဘာပြောရဦးမှာလဲ"
"ချစ်ချစ်က စိမ်းကားနေတာပဲ"
"အပိုတွေမပြောနဲ့ဂယူဘင်...ဟိုမှာမင်းဖုန်းလာနေတယ်"
"ဟုတ်သားပဲ...ဟယ်လို...မီဂျူးလား မီဂျူးဖုန်းကို ကိုယ်ကမျှော်နေတာ"
ဘယ်နှစ်ယောက်မြောက်မှန်းမသိတဲ့
ကင်မ်ဂယူဘင်ရဲ့ရည်းစား ယူဂျင်းခံစားချက်တွေကိုမမြင်တက်တဲ့ ဂယူဘင့်ကို ယူဂျင်းသိပ်မုန်းတာပဲ~
မက်သရူးအရှေ့က လေးနှစ်ရွယ်ကလေးလေး ငါးယောက်က ဆော့ကျရင်း ရန်ဖြစ်လာကျသည့်မို့ မက်သရူးသဘောကျစွာရယ်ရင်း အတိတ်ကအဖြစ်ကိုပြန်တွေးမိ၏
"ဟေး ကလေးလေး တစ်ယောက်ထဲ ဘာလို့ငိုနေတာလဲ"
ဟန်ဘင်းတို့ဆော့နေတုန်း ထောင့်တစ်နေရာကနေ ရှိုက်သံလေးတွေထွက်လာတဲ့ အသံကြာတော့ ဟန်ဘင်းလာကြည့်လိုက်၏
ဟန်ဘင်းသေချာကြည့်မိတော့ ဟန်ဘင်းတို့ထက် နည်းနည်းငယ်တဲ့ ကလေးလေးက တရှိုက်ရှိုက်နဲ့ငိုလို့"ဗျာ"
မျက်ရည်ဝိုင်းဝိုင်းလေးတွေနဲ့ ပြန်ကြည့်လာတဲ့ ကလေးကို ဟန်ဘင်းမှာ မြင်မြင်ချင်း အသည်းတွေယားလာ
"hyung တို့နဲ့ဆော့မလား လာလေ"
မက်သရူး လှမ်းကြည့်မိတော့ ကျန်တဲ့လူသုံးယောက်ကလည်း လာလေဟုဆိုကာ လှမ်းခေါ်ကျ၏
"ကလေးလေး မင်းနာမည်ဘယ်လိုခေါ်လဲ"
"ဆော့...ဝူဟျွန်းပါဗျ"
"hyung နာမည်က ဟန်ဘင်း ဒီဘက်က
ဟာအိုတဲ့ ဒီဘက်က ဂျီဝန်း ဒီဘက်ကတော့ရစ်ကီ ရစ်ကီကတော့ကလေးလေးနဲ့ အသက်တူမယ်ထင်တယ်""ကလေးလေးလို့ခေါ်ရအောင် မင်းကဘယ်လောက်ကြီးလို့လဲ မင်းက အခုမှ ၆နှစ်ပဲရှိသေးတာကို"
"ဂျီဝန်း hyung ကလည်း hyung လည်း ၇နှစ်ပဲရှိသေးတာကို လူကြီးမလုပ်ချင်ပါနဲ့ ဟွန့်"
"မင်းတို့အသာနေစမ်းပါ ဝူဟျွန်းလေး အသက်ကဘယ်လောက်လဲဟင်"
"လေး...နှစ်ပါ ဟာအိုhyung"