ဟိုရောက်သွားရင်ဒီဆက်ဆံရေးက ရှိပါအုံးမလားးအခုတောင်အခွံလောက်သာကျန်တော့သည့်ဆက်ဆံရေးကို

..............

ခန်းမထဲကိုရောက်တော့ တချို့တွေဆိုဘွဲ့ယူပြီးနှင့်ပြီ ခန်းမထဲမှာ သူမကိုလှည့်ပတ်ရှာမိတော့တွေ့ပါပြီ ဒါမဲ့လည်းးသူမဘေးးမှာက....

သူမကလည်းသူ့ကိုတွေ့တော့ ပြုံးယောင်သန်းသွားပြီးချက်ချင်းပင်မျက်နှာလွဲသွားခဲ့သည်

သူမစိတ်တိုနေတုန်းလားး

သူလည်းဒီတိုင်းထားလိုက်ပြီးဘွဲ့ယူဖို့သာစောင့်လိုက်တော့သည်

တစ်ချက်တစ်ချက်ကြည့်မိတော့ သူ့ဘေးကတစ်ယောက်နှင့်ရယ်ရယ်မောမောပင်

အခုနောက်ပိုင်းပြောင်းလဲသွားတာတွေကတော့ သူမက အပေါင်းအသင်းမထားတတ်ဘူးပြောခဲ့ပေမဲ့ အခုဆို များလိုက်တဲ့သူငယ်ချင်းး

သူ့မှာတော့ရင်ဖွင့်ဖော်ရခဲ့တာပေါ့သူမနာမည်ကMinaတဲ့

ဘွဲ့ယူပြီးကြတော့ ကိုယ်စီဓာတ်ပုံတွေရိုက်ကြသည် မိသားစုတွေနဲ့ရိုက်ကြသည်

သူလည်းသူမိဘတွေနဲ့ရိုက်ပြီးတော့သူမကိုထပ်လိုက်ရှာမိပြန်သည်

သူမနဲ့အတူတူတော့ဘွဲ့ဓာတ်ပုံရိုက်ချင်ပါရဲ့

လှေကားနားမှာတွေ့လိုက်ရတာက သူမနဲ့အတူတွဲရိုက်နေတဲ့kai

လှပစွာပြုံးနေတဲ့သူမ တစ်ဖက်ကလည်း ကျေနပ်စွာ

ကြည့်တဲ့လူတွေအတွက်တော့ချစ်စရာအတွဲလေးပေါ့ သူတော့မပါခဲ့

အဲ့နားမှာတင်ဘာမှမလုပ်နိုင်တော့ဘဲဂပ်နေတဲ့ခြေထောက်တွေကိုကိုယ်တိုင်ရိုက်ချိုးချင်မိရဲ့

ေဆာင့်တက်လာတဲ့ဝမ်းနည်းမှုတွေ

သူ့ကိုတွေ့တော့ သူမက အငေးသား

ကြည့်ရတာကိုယ်က ဒုတိယနေရာမှာထင်ပါရဲ့

သူမ ဘာမှမပြောခင်ဘဲထွက်လာခဲ့တော့သည်

''မောင်..''jennie

သူမကတော့အနောက်ကနေလှမ်းခေါ်နေပေမဲ့ လစ်လျူရှူမိခဲ့သည်

Heavy HeartTempat cerita menjadi hidup. Temukan sekarang