Intro ( Uni )

747 68 19
                                    

🌳🌳🌳☘️🍀🍁🍂

ရှေ့မျက်စိတစ်ဆုံး ခရမ်းရောင်ပန်းတွေချည်းပြည့်နေတဲ့ ပန်းခင်းထဲ သူရောက်နေခဲ့တယ်။ ဥရောပက နာမည်ကြီး Lavender ပန်းဆိုတာဒါများလား။ဒီနေရာကို ဘာကြောင့်ရောက်နေလဲဆိုတာ သူကိုယ်တိုင် နားမလည်ဘူးဖြစ်နေတယ်။ယောင်လည်လည်လျှောက်သွားရင်းနတ်သမီးအချောလေးနဲ့များဖူးစာဆုံမလားမျှော်လင့်မိတယ်။

' ဦး '

' ဒယ်ဒီ '

ဦး ဆိုတဲ့နာမ်စားကထားပါတော့ဘာကိစ္စ ဒယ်ဒီခေါ်သံကထွက်လာတာတုန်း။ နောက်လှည့်ကြည့်လိုက်တော့ ဖြူလုံးလုံးကောင်လေးတစ်ယောက်နဲ့အတူ သုံးနှစ်သားကလေးလေးတစ်ယောက်က သူ့ကိုလက်ပြနှုတ်ဆက်နေတယ်။

' ဒယ်ဒီ . . . တားကိုပစ်တွားတယ် '

' ဘယ်က ဒယ်ဒီလဲ ငါကလေးအဖေမဟုတ်ဘူး '

' ဒယ်ဒီကစိမ်းကားလိုက်တာ '

' ဦးကျန့် ဒါတွေခင်ဗျားတာဝန်ယူရမယ် '

' ဘာတွေလာပြောနေတာလဲ မင်းတို့ကိုငါမသိဘူး '

‌ကလေးလေးက သူရှေ့တဖြည်းဖြည်းလျှောက်လှမ်းလာချိန်မှာ အားကုန်ထွက်ပြေးလာခဲ့မိတယ်။

' ငါ ကလေးအဖေမဟုတ်ဘူး !!!!!!
မဟုတ်ဘူး!!!! '

ဘုန်း 💥

' အားရိုး. . . သောက်ကျိုးနဲ အိပ်မက် '

အရပ်ရှည်ရှည် ကိုလူပျိုကြီး ကုတင်အောက် ပက်လက်ပြုတ်ကျပြန်ပြီ။ ရှောင်းကျန့် မထသေးဘဲ မျက်နှာကြတ်ကို ကြည့်ရင်းအိပ်မက်အကြောင်းပြန်စဉ်းစားမိတယ်။ တွေးရင်း မျက်ခုံးကခပ်လှုပ်လှုပ်။

' ကျက်သရေမရှိလိုက်တာ '

' စောစောမထတဲ့အိမ်က ကျက်သရေဘယ်ရှိမလဲ နာရီကိုကြည့်ဦး စုံထောက်ကြီး '

' ကျိုးချန် '

အကျီမပါ ဘောင်းဘီတိုလေးနဲ့အတွေးလွန်နေတဲ့ သူငယ်ချင်းကိုကျိုးချန် မျက်စောင်းထိုးပြလိုက်တယ်။

' မင်းဘယ်လိုလုပ်ရောက်လာတာလဲ '

' သိချင်ရင် အမြန်မျက်နှာသစ်ပြီးထွက်ခဲ့ အောက်မှာ ဧည့်သည်ရောက်နေတယ် '

Purple Diary ( Uni ) Where stories live. Discover now