ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{21}

Start from the beginning
                                    

ယူဂျင်းက ဆူလိုက်တော့ မျက်နှာအနည်းငယ်မဲ့သွားတဲ့ ကိုကိုရယ်ပါ

"‌sryနော်ကိုကို ယူဂျင်းနည်းနည်းလွန်းသွားတယ်မဟုတ်လား လာလေယူဂျင်းတို့သွားရအောင်"

"အဲ့တာကြောင့် ယူဂျင်းကိုချစ်နေရတာ"

"ဟွန့် မပြောချင်ဘူး....ဒါနဲ့ကိုကို ထယ်ရယ်hyungကို ခေါ်သွားကျရအောင်လေ မနေ့ကညနေထဲကဆေးရုံးကပြန်လာတာ ဒီနေ့လည်းမသွားဘူးဆိုတော့"

"ယူဂျင်းလေးသဘော"

ထယ်ရယ်hyung ကိုခေါ်တော့ hyung ကငြင်းတယ် မလိုက်ချင်ဘူးတဲ့ အဲ့ထဲက ယူဂျင်းအတပ်သိလိုက်ပါတော့ hyungတို့တွေ ရန်ဖြန်ထားကျတယ်ဆိုတာကိုပေါ့ ဒါပေမဲ့ ယူဂျင်းကသိပ်တော်တယ်လေ ထယ်ရယ်hyungကို ဆေးရုံဆီရောက်အောင်ခေါ်သွားနိုင်ခဲ့ပါတယ်

"ရစ်ကီ ငါတို့လာတယ်"

"ထယ်..."

ထယ်တဲ့ ရစ်ကီတစ်ယောက်က ထယ်ရယ့်ကိုရူးအောင်လုပ်နေတာပါပဲ

အခြေအနေကိုအနည်းငယ်‌သဘောပေါက်သွားတဲ့ ဂယူဘင်ကပဲ ယူဂျင်းကိုမုန့်သွားဝယ်ရအောင်ဟုပြောကာ ထယ်ရယ်ကိုထားပြီးထွက်လာလိုက်ကျ၏

"ထယ်"

"ဂယူဘင်တို့ရောက်ရင် ငါပြန်မယ်"

ချစ်သူကတကယ့်ကိုစိတ်ဆိုးနေတာပဲ

"မနေ့ကကိစ္စကလေ..."

"မ‌ပြောပါနဲ့လား မကြားချင်ဘူး"

"ကင်မ်ထယ်ရယ် ငါမင်းကိုချစ်တယ်!"

"...."

"ဒါကြောင့် တစ်မျိုးတွေမတွေးပဲ ငါ့ကိုပဲကြည့်ပေးလို့မရဘူးလား"

မျက်ရည်တွေအဝိုင်းသားနဲ့ ရစ်ကီဆီသို့ပြေးလာတဲ့ ထိုကောင်လေး

"ဒီစကားကိုကြာရဖို့ ဘယ်လောက်ထိစောင့်ခဲ့ရသလဲ လူဆိုးကောင်ရဲ့"

ရစ်ကီ ထယ်ရယ့်ခေါင်းလုံးလုံးကိုဖွရင်း သဘောကျစွာ ပြုံးမိလိုက်၏
"ချစ်တယ်"

"အတူတူပဲ ချစ်တယ်"

"အဟမ်း...အဟမ်း...ဟို..ဟို ပိုက်ဆံအိတ်လာယူတာ ဘာမှ...ဘာမှမမြင်လိုက်ပါဘူး သွားပြီနော် လုပ်စရာရှိတာ ဆက်လုပ်ကျပါ"

ဂယူဘင်က အခန်းထဲကဝင်လာသည်မို့
ထယ်ရယ် ရစ်ကီကိုဖက်နေရာကနေ ရှက်ရှက်နဲ့ ကုန်းထမိလိုက်၏ ရစ်ကီကတော့
ထယ်ရယ့်ကိုကြည့်ပြီး ရယ်လျက်

ဂျီဝန်းhyungပြောတာ သိပ်မှန်တယ် ရစ်ကီကထယ်ရယ့်ကိုတကယ်ချစ်မိသွားခဲ့တာ ဘယ်လိုကိစ္စမျိုးတွေပဲဖြစ်လာပါစေ
ဒီတသက် ထယ်ရယ့်လက်ကလေးကို ရစ်ကီလုံးဝမလွှတ်ပေးတော့ပါဘူး။

~🌹~


A/N- ယော်ဒါဘွန်းတို့ ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ လေးကိုနှုတ်ဆက်ရဖို့အတွက် ဘယ်လောက်မှ
မလိုတော့ပါဘူးㅠㅠ











ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now