ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{21}

Start from the beginning
                                    

"သဘောကျမိနေတယ်ထင်တယ် ဒါကြောင့် ကိုယ်တို့တွဲကျမလား"

"အခုထိတွဲနေတာပဲလေ"

"မဟုတ်ဘူး အခုကအတည်တွဲချင်တာ"

ရစ်ကီရဲ့ ရင်ခွင်ထဲကနေထွက်ကာ ထယ်ရယ်ပြောလာသည့်စကားက

"မင်းက ငါ့ကိုကစားနေတာပဲ"

"မဟုတ်ဘူးထယ်ရယ် ငါတကယ်ပြောတာ ငါမင်းကိုအတည်..."

"ဂျီဝန်းhyungကိုလွှတ်လိုက်ပါ့မယ် ငါပြန်တော့မယ်"

ထို့နောက်ထွက်သွားတဲ့ ထိုကျောပြင်ငယ်လေး ထယ်ရယ် မင်းက ကိုယ့်စကားကို
အဓိပ္ပာယ်တစ်မျိူးကောက်သွားတာပဲ

"ရစ်ကီ အခြေအနေဘယ်လို"

"ကောင်းတယ် hyung"

"ဒါနဲ့ ထယ်ရယ်ကရုတ်တရက်ကြီး ဘာဖြစ် အရင်ကဆို သူကပဲစောင့်နေကျလေ"

"ကျွန်တော်အမှားလုပ်မလို့"

မျက်နှာမဲ့ကာ ပြောလာတဲ့ရစ်ကီကြောင့်
ဂျီဝန်းသဘောကျစွာရယ်မိလိုက်၏ ဒီ
ကောင်လေးသူ့ခံစားချက်တွေကို ရှင်းရှင်းလင်းလင်းသိပြီထင်ပါရဲ့

"စကားကို တစ်မျိုးအဓိပ္ပာယ်ကောက်သွားတဲ့သူရှိတယ် hyungရာ ဒါဆိုဘာလိုပြန်ရှင်းပြသင့်လဲ"

"အေးအေးဆေးဆေးပြန်ပြောသင့်တာပေါ့
ထင်နေတာတွေက တကယ်မဟုတ်ကြောင်းကို"

"ဟုတ်တယ် hyungပြောတာမှန်တယ်"

နောက်ဆုံးတော့ ရစ်ကီလည်းအချစ်စစ်ကို
ရှာတွေ့သွားခဲ့ပြီပဲ အချစ်ကလူကိုပြောင်းလဲစေတယ်ဆိုတဲ့ စကားကသိပ်မှန်တာပါပဲ

~

"အချစ်ဘာတွေလုပ်"

"ပါးကိုမညှစ်ပါနဲ့ဆို"

"ချစ်လို့လေကွာ"

"ကင်ဂယူဘင်!" တကယ်ပါ ဂယူဘင်ဆိုသူက သိပ်ကိုဆိုးသွမ်းလွန်းတယ် skinship မကြိုက်တဲ့ ယူဂျင်းကို ပါးဆွဲလိုက်နမ်းလိုက်နဲ့ သူမို့ပေါ့ သူမဟုတ်ရင်ယူဂျင်းနဲ့အဲ့လူနဲ့ရန်ဖြစ်ပြီးနေလောက်ပြီ

"ကိုကိုတို့ ရစ်ကီဆီသွားကျမယ်လေ ကိုကိုပျင်းလို့"

"ဆေးရုံကို ကစားကွင်းထဲနေလားကိုကို
ပျင်းတိုင်းသွားနေရအောင်"

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now