𝕋𝕦𝕝𝕚𝕡𝕤🌷2

Start from the beginning
                                    

မေမေဆုံးသွားတော့ အရမ်းငယ်သေးသောသူသည်
ဘားမှနားမလည်သေးပေမယ့် ဖေဖေသည်
သူ့အားဖက်ကာ နည်းမျိုးစုံနဲ့ ချော့မြူကာ
နှစ်သိမ့်ခဲ့သည် ။
သန်မာတဲ့ ဖေဖေဟာ စိတ်ဓာတ်တွေကျမနေပဲ
သူ့ရှေ့မှာ တံတိုင်းကြီးသဖွယ် မားမားမတ်မတ်
ရှိနေခဲ့သည် ။
ပြိုလဲသွားဖို့လဲမပူရသလို ပျက်စီးသွားဖို့လဲ
မပူရပါ ။

ဘဝတစ်ခုစာလုံးကို သူ့ဆီပုံအပ်ကာ
အလုပ်တွေကြိုးစားသလို
သူ့ကို ပွေ့ဖက်ဖို့လဲတစ်ရက်မှမမေ့‌ လျော့ခဲ့ပါ ။

အဖက်ဖက်ကနေပြည့်စုံသော ဖေဖေသည်
နောက်ထပ် အိမ်ထောင်ပြုဖို့လဲစိတ်မကူးခဲ့..
ဘဝတစ်ခုလုံးကို သူ့ဆီမှာပဲမြုပ်နှံခဲ့သည် ။
ဖေဖေ့ကိုချစ်သည် ဆိုသာထက်
ပိုလေးစားမိသည် ။

ဖေဖေ ဖန်တီးပေးခဲ့သော သူ့ဘဝသည်
ယနေ့ချိန်ထိ အဆင်ပြေချောမွေ့နေဆဲ ။

" jiminna ဒီမှာ "
van ကလက်လှမ်းကာ ခေါ်တော့
Jimin သည် ထိုနေရာသို့ ဦးတည်
လိုက်သည် ။
" ဟင်... "
ဟို...!အကိုတို့အဖွဲ့ကဘာလို့ရောက်နေကြတာလဲ ။
မဟုတ်မှလွဲရော..............
ငါလျော်ပေးတဲ့အကျီက တစ်ခုခု
လွဲနေလို့လား....။
arrnyi....။
ငါသေသေချာချာလေးရွေးပေးခဲ့တာပါ ။
ဒါဆိုဘာကြောင့်လဲ? ။
" jimin ဒီမှာထိုင် "

Jeon သည် အဝါရောင်ကောင်လေးကိုမြင်တော့
ခန မင်သက်သွားကာ...
ဒါ Tulips တွေရှေ့ကကောင်လေးလား ဟု
စဉ်းစားယူလိုက်ရသည် ။
အဝါရောင်လေးနဲ့ Tulips တွေရှေ့ကကောင်လေးဟာ
ဒီနေ့မှ Tulips တွေထက် ပိုပြီးလန်းဆန်းနေသလို ။

အဝါရောင်အစင်းကြားနဲ့ဂျင်းကြိုးတိုင်းဟာ
Jiminအား cute ဘက်ကို အပြည့်အဝရောက်စေ‌
ပေမယ့်လဲ ကြိုးတစ်ဖက်အား ချထားပုံသည်
အနည်းငယ် sexy ဆန်နေ‌စေပြန်သည် ။

ဒီကောင်လေးဟာ ဝတ်လိုက်ရင်
နည်းနည်းလောက် ဆန်းနေလိုက်ရမှ ။

" jimin ဒီအကိုတို့က ငါ့တို့အဖွဲ့ထဲကိုဝင်မလို့တဲ့ "
"ဟမ် "
ထပ်မံ အံ့ဩရပြန်သည် ။
" ဘာလို့လဲ "
" ဘားမှမဟုတ်ပါဘူး အကိုတို့က ဒီတိုင်းခင်ချင်လို့ပါ ၊ ခင်လို့ရတယ်မလား ၊ အချင်းချင်း မိတ်ဆွေဖြစ်ထားတော့မကောင်းဘူးလား ? "
" ဟုတ် ....ရ....ပါ ...တယ် "
Taehyung ကဝင်ကာ မျက်နှာချိုးသွေး
နေပေမယ့် Jung kook မှာတော့
ထို jimin ဆိုတဲ့ ကောင်လေးအား
ပေစောင်းစောင်းဖြင့်ကြည့်နေသည် ။

𝕋𝕦𝕝𝕚𝕡𝕤 🌷Where stories live. Discover now