"ဟုတ်ပါတယ်.... ကျွန်တော်လည်း သမီးအမေ ပြောသလိုပဲ သမီးကိုစိတ်ချမ်းသာအောင်ထားရင် ရပါပြီ"
မိဘနှစ်ပါးလုံးရဲ့ ဆန္ဒအတိုင်းပြောပြီး ဒေါ်မြတ်မာလာက သားကို တစ်ခုခုပြန်ပြောလိုက်ဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်တော့ စွမ်းက...
"စိတ်ချပါ... ကျွန်တော် နှောင်းကို စိတ်ချမ်းသာအောင် ထားပါ့မယ်"
ကိုယ်တိုင်တောင် စိတ်မချမ်းသာပဲ နှောင်းကို စိတ်ချမ်းသာအောင် ထားဦးမှာတဲ့လား စွမ်းရယ်....
နှောင်း ဇွန်းနှင့်ခပ်ရင်းကို ကိုင်ထားကာ စိတ်ထဲမှ ရေရွတ်မိလိုက်သည်။
လူကြီးတွေကသာ မင်္ဂလာကိစ္စအတွက် တစ်ယောက်တစ်ခွန်းဆီ ဆွေးနွေးနေပေမယ့် ကာယကံရှင်ဖြစ်သည့် သူတို့နှစ်ဦးကတော့ ဘာစကားမျှထွက်မလာပဲ ကိုယ့်အပူကိုသာ အာရုံရောက်နေရင်း ထိုထမင်းဝိုင်းလေးက ပြီးဆုံးသွားသည်။
------------ -------------နှောင်း အိမ်ပြန်ရောက်တော့ လက်ဆွဲအိတ်ကို ကုတင်ပေါ် ပစ်တင်ပြီး လူက ကြမ်းပြင်ပေါ်ထိုင်ချ၍ ဒူးနှစ်ဖက်ပေါ်သို့ လက်တင်ကာ ခေါင်းလေးမှီထားရင်း မျက်ရည်လေးတွေ ဝေ့ဝဲနေခဲ့သည်။
ခရီးသွားတာ ကျူးကို သွားရှာခဲ့တာပေါ့။ ကျူးကရော စွမ်းကိုချစ်နေတာတဲ့လား... ငါနဲ့စွမ်းအကြား ကျူးက ရှုပ်နေတာလား... စွမ်းနဲ့ကျူးအကြား ငါက ရှုပ်နေတာလား... အခုချိန်မှာ စွမ်းကိုငါက ပိုင်ဆိုင်ရတော့မှာ၊ အဟင်း ငါပိုင်ဆိုင်ရတာ သူ့နှလုံးသားကိုမှ မဟုတ်တာ...
စိတ်ရှုပ်စွာ လက်နှစ်ဖက်ဖြင့် ဆံနွယ်များကို ထိုးဖွလျက် ခေါင်းတသွင်သွင် ခါရမ်းနေမိသည်။
------------- --------------ကျူး ခြံထဲ၌ ယွန်းလေးနှင့် ကစားပေးနေချိန် အိမ်ထဲက ဖုန်းမြည်သံကြောင့် ထသွားခဲ့သည်။
စားပွဲပေါ်က ဖုန်းလှမ်းယူစဉ်မှာပဲ ဘေးနားက ဖန်ခွက် ကျူး ခြေထောက်အနားသို့ ကွဲကျသွားသည်။
"အို... ဖန်ခွက်က ကွဲသွားသေးတယ်..."
ဖန်အကွဲတွေကို ရှောင်ရင်း ဖုန်းယူကာ Answer ခလုတ်ကို နှိတ်လိုက်သည်။
YOU ARE READING
💕အကြင်နာဒိုင်ယာရီ💕
Romance💕အကြင်နာဒိုင်ယာရီ💕 ~~~~~~~~~~~~~~~ ဖြစ်နိုင်ရင် ဒီအခြေအနေတွေကြားမှာ အဲ့ဒီတစ်ရက်ကို ရပ်တန့်ထားချင်မိတယ် မင်းစွမ်းရည် ကျူးတို့က ရွေးချယ်ခွင့်မရှိတဲ့လမ်းမှာတောင် ကိုယ့်ဘာသာ ဖြေသိမ့်သေးတာပဲ... ရှင်ကိုယ်တိုင်ရွေးချယ်ထားတဲ့...
အပိုင်း(၂၀) (ဇာတ်သိမ်း)
Start from the beginning