အပိုင်း(၁၉)

Start from the beginning
                                    

စွမ်း ခပ်သဲ့သဲ့ရယ်နေရာမှ မျက်ဝန်းတွေက လွမ်းမောဖွယ်ရာအဖြစ် ပြောင်းသွားပြီး ပန်းကန်ထဲက ခေါက်‌ဆွဲတွေကို အကြောင်းမဲ့ မွေနောက်နေမိသည်။

"မင်းက ကဗျာဆန်လိုက်၊ ပဟေဠိဆန်လိုက်နဲ့... ငါတောင် နားမလည်တော့ဘူး"

"ငါချစ်နေတဲ့ ကောင်မလေးက ရန်ကုန်ကနေ ထွက်သွားလို့... ဘယ်ကိုထွက်သွားမှန်းလဲ မသိဘူး... မနေနိုင်တော့တာနဲ့ တွေ့လိုတွေ့ငြား ရှာကြည့်တာပေါ့ကွာ..."

"မင်းက ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာသလို ဖြစ်နေပြီ..."

"မတတ်နိုင်ဘူးလေ.... ကံကောင်းထောက်မစွာ တွေ့ချင်လည်း တွေ့သွားနိုင်တာပဲ"

"အေးပါကွာ... ရှာ... ရှာ... မင်းကျေနပ်ရင် ပြီးတာပဲ... ဒါနဲ့ တောင်ကြီး ဘယ်တော့သွားချင်လဲ"

"မင်းအဆင်ပြေမယ့်နေ့ပေါ့..."

"အင်း... ငါတောင် ဒီမှာပဲအခြေချနေပြီ..."

"ဘာလို့လဲ... မင်းအလုပ်က ဟိုမှာမဟုတ်လား...."

စွမ်း မေးလာတော့ အာကာဟိန်းပြုံးရင်း....

"အစကတော့ ခဏပဲ လာတာပေါ့ကွာ... ဟိုခြံရှေ့က မိန်းမလှလေးကို တွေ့သွားပြီးတဲ့နောက် ငါဒီမှာပဲ နေချင်တော့တာ စွမ်းရ... သူ့ကိုကြွေသွားတာကွ"

ခြံရှေ့က မိန်းမလှလေးတဲ့... အဲ့ဒီမိန်းမလှလေးကို အနောက်ကနေ သူမ များ ဖြစ်နေမလားဆိုပြီး ကြည့်နေခဲ့တာ...

စွမ်း ကိုင်ထားသောတူကို ချကာ စိတ်တွေငြိမ်သက်မနေပဲ တစ်ခုခု‌အတွက် စိုးရိမ်နေသလိုလိုပင်။

မဖြစ်ပါစေနဲ့... အာကာ ကြွေသွားတယ်ဆိုတဲ့ အဲ့ဒီမိန်းကလေးက ကျူး မဖြစ်ပါစေနဲ့....

စိတ်ထဲ ယောင့်ယက်ခတ်ရင်း အတန်တန် ‌ဆုတောင်းနေမိသည်။

"မင်းနဲ့သူနဲ့က..."

စွမ်း ကမန်းကတန်း မေးမိလိုက်ရင်း.....

"သူနဲ့ ခင်တာလောက်ပါပဲ... အဲ့ဒီထက်တော့ မပိုသေးဘူးပေါ့ကွာ... ငါ့ဘက်ကပဲ တစ်ဖက်သက် ဖြစ်နေတာ.. ငါလည်းသူ့ကို အရမ်းမမျှော်လင့်ထားပါဘူး"

စိတ်အနည်းငယ် အေးသွားရရင်း ဘေးက ကော်ဖီကို တစ်ငုံသောက်လိုက်သည်။

💕အကြင်နာဒိုင်ယာရီ💕Where stories live. Discover now