အပိုင်း(၁၇)

Start from the beginning
                                    

စွမ်း ဘဝင်မကျဖြစ်နေတဲ့ စိတ်ကို သက်သာဖို့ရာ ကြိုးစားပေမယ့် သူ့နှလုံးသားက တစ်စုံတစ်ယောက်ဆီသို့သာ ဦးတည်နေခဲ့သည်။ တွေ့လိုက်တိုင်း စကားအကောင်းမပြော၊ အမြဲရန်ဖြစ်နေတဲ့ သူမကို ချစ်မိလာလိမ့်မယ်လို့ ထင်မထားမိတာအမှန်။

ဘယ်အချိန်ကတည်းက ချစ်နေမိမှန်း မသိခဲ့တဲ့ သူမကို ချစ်တဲ့အချစ်က နှလုံးသားထဲ အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။ နှောင်းကိုလည်း မရက်စက်ချင်ပေမယ့် သူကိုယ်တိုင်တောင် မသိတဲ့ နှလုံးသားထဲ ကျူးဆိုသည့်မိန်းကလေး ရောက်နှင့်နေပြီ မဟုတ်ပါလား။

ကျုး.... မင်းဘယ်မှာလဲ.... ဘာကြောင့် ရုတ်တရက်ကြီး ထွက်သွားရတာလဲ.... မင်း ဘယ်တွေ ရောက်နေတာလဲကွာ...

ရင်ထဲကလာတဲ့ လွမ်းဆွတ်မှုတွေကို စာရွက်ဖြူဖြူပေါ်မှာ ရေးချလိုက်ရင်း ခဏအကြာ သူ့အခန်းတံခါး ပွင့်လာမှုနှင့်အတူ ဝင်လာသည့် မေမေ့ကို မြင်လိုက်ရသည်။

မေမေဝင်လာတော့ ရေးလတ်စ စာအုပ်အား ကမန်းကတန်းပိတ်၍ အံဆွဲထဲ ထည့်လိုက်သည်။

မေမေက စွမ်းစားပွဲအနား လျှောက်လာကာ ပုခုံးကို ဖွဖွထိလျက်...

"သား... သားကိုမေမေ သိပ်ကျေးဇူးတင်တာပဲ..."

"ဘာလို့လဲ မေမေ..."

"နှောင်းကို ရွေးချယ်လို့လေ... မေမေက သားဘဝရဲ့ လက်တွဲဖော်ကို နှောင်းပဲ ဖြစ်စေချင်တာ...."

မေမေ့စကားကြောင့် ခေါင်းလေးငုံ့ကာ စွမ်းမျက်နှာ မသိသာလေး ညှိုးသွားခဲ့သည်။

"မေမေ စိတ်ချမ်းသာရင် ပြီးတာပါပဲ...."

မေမေက ပြုံးစိစိနှင့် ပြန်ကြည့်လာခဲ့ရင်း...

"မေမေစိတ်ချမ်းသာဖို့ပဲ မရဘူးသား... သားကိုယ်လည်း ပျော်ရွှင်ဖို့လိုတယ်... မေမေကတော့ သားနဲ့နှောင်းကို အမြန်ဆုံး လက်ထပ်စေချင်တယ်...."

"ဗျာ...."

မေမေ့စကားအ‌ဆုံး စွမ်း၏ အာမေဍိတ်အသံ ခပ်ကျယ်ကျယ် ပေါ်ထွက်လာခဲ့တော့ မေမေ့အပြုံးတွေလည်း အနည်းငယ် ပြေလျော့သွားသည်။

"ဘာဖြစ်လို့လဲ သား..."

"ဪ... ဘာမှမဖြစ်ပါဘူး... ဟို... လက်ထပ်တယ်ဆိုတဲ့စကား ရုတ်တရက်ကြားလိုက်ရလို့ အံ့ဩသွားတာပါ..."

💕အကြင်နာဒိုင်ယာရီ💕Where stories live. Discover now