အခန်း-၁၀

Depuis le début
                                    

စူးယွီနှင့် စူးကျူးက အရသာမြည်းစမ်းထားပြီဖြစ်သည်။ အကြည့်ချင်းဖလှယ်ကြပြီး စူးယွီက သူမသံသယကို မလွန်ဆန်နိုင်ဘဲ မေးလိုက်သည်။

"သခင်မလေး နျူးဘီတို့ကို ပစ်ခိုင်းတဲ့ အသားဟင်းမှာ ပြဿနာရှိနေလို့လားရှင့်"

လွမ်ရှီက လည်ချောင်းကို ရှင်းဖို့ လက်ဖက်စိမ်းရေနွေးကို သောက်ရင်း သူမမျက်ဝန်းထဲ အပြုံးသေးသေးလေးတစ်ခု ထွက်ပေါ်လာသည်။ "နောက်ဆုံးတော့ သတိပြုမိကြပေါ့လေ?"

စူးယွီနှင့်စူးကျူးက လေအေးတွေ ရှိုက်သွင်းမိသွားပြီး ချက်ချင်းဆိုသလို သူတို့အသားအရေက ဖြူဖျော့သွားကာ စိတ်ပူပန်သွား၏။ ဘာလုပ်သင့်လဲ....

"နင်တို့စိတ်ပူဖို့မလိုပါဘူး။ ဟင်းပွဲတွေမှာ ပြဿနာရှိရင် ငါခံစားမိတယ်။ ဘာမှ မဖြစ်ဘူး။ အနာဂတ်မှာ ဒီလိုအရာမျိုးတွေက ခဏခဏဖြစ်လာမှာ နင်တို့တွေစောစော အသားကျတာ အကောင်းဆုံးပဲ"

သူတို့ကြောက်လန့်တကြားခံစားနေရတာကို လွမ်ရှီမြင်တော့ တိတ်တိတ်လေး ခေါင်းခါရမ်းမိသွားသည်။ အမတ်စံအိမ်အတွင်းမှ ပဋိပက္ခတွေဟာ မူလပိုင်ရှင်ထံ မရောက်ဘဲ ရောက်တဲ့တစ်ချို့ကိုလည်း မူလကိုယ်ပိုင်ရှင်က သူမရဲ့ ဉာဏ်ရည်နှင့် ရှောင်ရှားနိုင်ခဲ့သည်။ ထို့ကြောင့် သူမဘေးနားမှာ အစေခံတွေက စံအိမ်အတွင်းမှ ရှက်ဖွယ်လျှို့ဝှက်ချက်တွေကို အတွေ့အကြုံမရှိသလောက်ဖြစ်တာကြောင့် ဒီလိုတုန့်ပြန်မှုဖြစ်တာက မထူးဆန်းလှပေ။

ဝမ်ကုန်းဇီပို့လိုက်သည့် လေ့ကျင့်ရေးမားမားရောက်လာတာနှင့် သူတို့တွေကို သင်ကြားပေးဖို့ သူမတောင်းဆိုရမည်။

စူးယွီနှင့် စူးကျူးက သွားမကြိတ်ခင် လေအေးတွေ ရှိုက်သွင်းမိသွားသည်။ "သခင်မလေး ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ နျူးဘီတို့က သခင်မလေးကို စိတ်မပျက်စေရပါဘူး"

လွမ်ရှီက စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

ကြည်လင်နှလုံးသားဥယျာဉ်သည် နေ့ဘက်တွင် စည်ကားနေသော်လည်း ညဘက်မှာတော့ ပုံမှန် ငြိမ်သက်သည့်အခြေအနေကို ပြန်ရောက်သွားသည်။ လွမ်ရှီဆီမှ သတိပေးမှုကို အစေခံတွေရရှိပြီးနောက် အရာတိုင်းက ပုံမှန်အတိုင်းဖြစ်သွားသည်။ သို့ပေမယ့် ပင်မခြံဝန်းကတော့ ဒီနေ့ညအတွက် မငြိမ်းအေးပေ။

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Où les histoires vivent. Découvrez maintenant