"ဒါပေမဲ့ ... "

"3နှစ်ပဲရှိသေးတဲ့ကလေးလေးက ဘာများမှတ်မိမှာမို့ မီးငယ်ကအားနာနေရတာလဲ။ဘယ်လိုပဲပြောပြောမီးငယ်ရဲ့ ဖေဖေနဲ့ မေမေဟာ မီးငယ်ကိုမွေးပေးခဲ့တဲ့ ကျေးဇူးရှိတယ် ၊ အဲ့ဒီတစ်ခုကြောင့်ပဲ သူတို့အပေါ် မီးငယ်စိတ်နဲ့အပြစ်ကျူးလွန်မိမှာကိုယ်စိုးရိမ်တယ်။ဒါကလည်း
သူတို့ကို ကာကွယ်တာမဟုတ်ဘူး ကိုယ်ချစ်တဲ့ ဒီပေါက်စလေးအပြစ်ရမှာစိုးရိမ်လို့"

ထိုစကားကြောင့် မီးငယ်မျက်ရည်တွေဝဲလာတော့လည်း သူ့မှာ စိတ်မကောင်းဖြစ်ရသေးသည်။ခေါင်းလေးကိုဖွဖွပွတ်ပေးတော့မှ မီးငယ်မျက်နှာလေး ပြန်ပြီးကြည်လင်လာကာ...

"ရေချယ့်ကိုမွေးပေးခဲ့တာကျေးဇူးတင်လို့ ဒယ်ဒီနဲ့ မာမီအုတ်ဂူကို ဂါဝရပြုဖို့သွားတာလား"

"အင်း"

"အများကြီးချစ်လို့လား"

"အများကြီး၊အများကြီး ချစ်ပါသတဲ့ဗျာ"

"ဟီး ဖိုးဖိုးကြီးနဲ့ရေချယ် ဘယ်သူ့ကိုပိုချစ်လဲ"

"ဒယ်ဒီ့ကိုချစ်တဲ့အချစ်က ရိုးရှင်းပါတယ်။
မီးငယ်ကို ချစ်တဲ့အချစ်ကကျတော့ ရင်အုပ်မကွာစောင့်ရှောက်ပေးချင်တယ်၊ကာကွယ်ပေးချင်တယ်၊မီးငယ်ရဲ့
ရှေ့ရေးကိုတွေးပြီးစိတ်ပူရသလို ၊ မီးငယ်မပျော်မှာကိုလည်း တွေးပူရတယ်။မီးငယ်ပျော်အောင် ဘယ်လို လုပ်ပေးရမလည်း စသဖြင့် အသေးအဖွဲ့လေးကအစ စိတ်ပူရတယ်။ကိုယ့်အချစ်တွေအကုန်လုံးကမီးငယ်ဆီမှာအကုန်စုနေတာ"

"ဖိုးဖိုးကြီးထပ်ပိုချစ်တယ်လို့ပြောတာလား ဟီး ဖုန်းဆက်ပြီးတိုင်ပြောရမယ်"

"ကလေးပေါက်စလေးအတိုင်းပဲ"

"ရေချယ်က မသိချင်ယောင်ဆောင်တာပဲရှိပါတယ်နော် Sukeကို အန်ကယ်ထောက်လှမ်းခိုင်းတာကိုလည်း ရေချယ်ကသိတယ်။ဖိုးဖိုးကြီးက ဒီကို တမင်တကာလွတ်လိုက်တာကိုလည်း သိတယ်"

"အဟား လူလည်မလေးပဲကွ"

"ရေချယ်လင်းသိုက်ပဲလေ ဟဲ ဟဲ"

"ဒါပေမဲ့ မီးငယ်မသိတာရှိသေးတယ်"

"ဟင် ဘာကြီးလဲ"

HUSBAND:DaddyNơi câu chuyện tồn tại. Hãy khám phá bây giờ