ကျိုးကျင်ဟမ့် သူ၏အိမ်မက်ထဲတွင် အလွန်စိတ်ပူပန်နေခဲ့ရသည်။ သူရှေ့သို့တိုးကာ ထိုတုန်ယင်နေသောလူငယ်လေးကို ဖက်မည်အပြုတွင် မြင်ကွင်းများပြောင်းလဲသွားကာ သူ Sမြို့တော်အလယ်ရှိ ကုန်တိုက်ကိုဖြတ်လျောက်သွားနေခဲ့သည်။





ကျိုးကျင်ဟမ့် သူ့ကိုယ်သူနှင့်ယီဟွေ့တို့ ဘေးချင်းကပ်ကာ လမ်းပေါ်တွင်လျှောက်သွားနေသည်ကို မြင်တွေ့နေရသည်။ လွန်ခဲ့သောသုံးနှစ်တွင် မိသားစုနှစ်ခုမှစီစဉ်ခဲ့သော ဘလိုင်းဒိတ်နှစ်ခုအပြီး၌ သူတို့နှစ်ဦးမှာ လူကြီးများထံမှ " မင်းတို့နှစ်ယောက် ကောင်းကောင်းစကားပြောကြည့်သင့်တယ် " ဟူသောအမိန့်ဖြင့် အပြင်သို့ တွန်းထုတ်ခံလိုက်ကြရသည်။





ယီဟွေ့မှာ သဘာဝမကျစွာပင် ရှက်သွေးဖြန်းနေကာ အလွန်နှေးကွေးစွာ လျှောက်လှမ်းနေခဲ့သည်။ သူသည် အလွန်စိတ်လှုပ်ရှားနေသည့်အတွက် စကားပြောဆိုနိုင်ရန် ခေါင်းစဉ်တစ်ခုကို အသည်းအသန်ရှာဖွေလိုက်ရသည် " မင်း ပုံဆွဲရတာကိုသဘောကျလား…"





သူ၏လက်များကို ဘောင်းဘီအိတ်ကပ်ထဲတွင် ထည့်ထားကာ ဆယ်ကျော်သက်အရွယ်မျှသာ ရှိသေးသည့် ကျိုးကျင်ဟမ့်မှာ သူ၏ပန်းချီဆွဲရန်အတွက် သူ့ကိုစွန့်ပစ်သွားခဲ့သ ည့်အချစ်ဦးကို ပြန်လည်တွေးမိသွားသဖြင့် စိတ်မရှည်တော့ဘဲ မျက်မှောင်ကြုတ်ထားမိသည်။ သူ၏အသံမှာလည်း မကောင်းတော့ပေ " ဟင့်အင်း.."





ယီ‌ဟွေ့ " အိုး…" ဟူသာပြောမိသွားသည်။ သူ အံ့ဩသွားမိပြီး အနည်းငယ်တောင့်ခဲသွားသော်လည်း အလျင်အမြန်ပင် အသိစိတ်ပြန်ကပ်လိုက်ကာ ခေါင်းစဉ်များဆက်လက်ရှာဖွေရန်ကြိုးပမ်းလိုက်သည်

" အဲ့ဒါဆို အရုပ်ကောက်ရတာကော…"





ကျိုးကျင်ဟမ့်မှာ အလွန်စိတ်ရှုပ်နေမိသည်။ သူထိုအရူးကောင်အား အလျင်အမြန်ကန်ထုတ်ပစ်ချင်နေသည့်စိတ်သာရှ်ိနေပြီး ကုန်တိုက်၏ဘေးမှလမ်းတစ်ဖက်ကို ရွှေ့သွားလိုက်သည်။ သူ၏မျက်နှာမှာ အေးစက်နေကာ တံခါးရှေ့မှ အရုပ်ကောက်စက်ရှေ့တွင် ရပ်နေခဲ့သည်။





မျောလွင့်နေသော ပြာမှုန်များWhere stories live. Discover now