"ဒါဆို မလဲဘူးပေါ့"
"အင်းမလဲဘူး...လူကိုတော့ထိလို့ရတယ်ကွ fashion ကိုတော့လာမထိနဲ့"
"တကယ် ထိလို့ရတာလား"
ပြောရင်းအနားကိုတိုးလာတဲ့ ရစ်ကီကြောင့် ထယ်ရယ်မှာအနည်းငယ်ထိတ်လန့်လာရ၏
"အပြင်သွား....သွားမယ်ဆို သွား...ရအောင်"
ရစ်ကီရဲ့ လှောင်ပြုံးလေးကိုထယ်ရယ်မြင်လိုက်ပါသေးတယ် အခုတလောရစ်ကီရဲ့ပုံစံတွေက တစ်မျိုးပဲ ဧကန္တရစ်ကီအစစ်ရောဟုတ်ရဲ့လား တစ္ဆေတွေများဝင်ပူးနေတာများလား
"လူတွေက နှစ်ရောင်ဆက်ဘောင်ဘီမမြင်ဖူးဘူးလား ခိုးခိုးရယ်သွားကျတာများ စိတ်တိုစရာ"
စိတ်တိုနေတဲ့အစ်ကိုအသေးလေးကိုကြည့်ရင်း ရစ်ကီကရယ်မိတော့ လူကိုဘုကြည့်သလိုပြန်ကြည့်လာ၏
"ဒါကြောင့်ပြောပါတယ် လဲလိုက်ပါလို့"
"ကားနဲသွားမယ်ထင်လို့ပေါ့ကွ မင်းကဘာလို့ လမ်းလျှောက်ပြီးလာရတာလဲ"
အလျော့ပေးထားတော့ ဒီကောင်လေးကရောင့်တက်လာတာပဲ
"ဟေးဟေး ထယ်ရယ်ဆိုးမလာနဲ့ မင်းကို လဲဖို့ပြောခဲ့သားပဲ မင်းဘာမင်းမလဲခဲ့တာလေ"
"အင်း ငါပဲမှားတာရပြီလား"
"ချစ်စရာလေး"
"မင်း မင်းဘာပြောလိုက်တာ"
သေလိုက်တော့ရစ်ကီ စိတ်ထဲကနေပြောလိုက်ရမဲ့စကားကို လက်တွေ့မှာချပြောလိုက်စရာလား
"ဟို...ဟိုရှေ့ကကြောင်လေးလေ ချစ်...ချစ်စရာလေးလို့ပြောတာ"
"အော်....ရစ်ကီက ကြောင်ချစ်တက်တယ်လား"
"နည်းနည်း"
ကြောင်ကိုချစ်တာထက် ထယ်ရယ့်ကိုချစ်တယ်ပြောတာက ပိုမှန်မယ်ထင်ပါတယ်
"ဒါနဲ့ အခုဘယ်သွားမှာလဲ"
"ဒီဘောင်ဘီနဲ့ ဘယ်သွားလို့ရလို့လဲ"
"ဟုတ်သားပဲနော်"
"ပြန်ရအောင်"
"အင်းပါ"
ထယ်ရယ်အနည်းတော့ နုမြောမိပါသည် ထယ်ရယ်သာဒီဘောင်ဘီမဝတ်ခဲ့ရင်
ကောင်းသားလို့တော့ အနည်းငယ်တော့
တွေးမိသား
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{17}
Start from the beginning