"ဟယ်လိုဂျီမင်း"

"......"

"ငါလမ်းထိပ်ကဆိုင်မှာမင်းလာခဲ့လေငါပျင်းလို့"

"......."

"အေမြန်မြန်လာငါစောင့်နေမယ်"

ဒီလိုနဲ့ဂျီမင်းကိုစောင့်နေလိုက်တယ်ခနနေတော့ဂျီမင်းကရောက်လာပြီးနားညီးတော့တာပဲငါခေါ်မိတာမှားများသွားလား

"ဂျောင်ဟိုဆော့မင်းနေကောင်းပြီလို့လားအပြင်ထွက်ရအောင်ဟမ်ပြီးတော့ဒါတွေကမင်းစားလို့ရလို့လားဆေးကောသောက်ပြီးပြီလား နောက်ပြီးဘယ်သူအပြင်ပေးထွက်လာတာလဲ ဒါမှမဟုတ်ခိုးထွက်လာတာလား အခုထအိမ်ပြန်မယ် "

"ဟေးဟေးတော်‌ပါတော့နားတွေကိုငြီးနေတာပဲဖြေးဖြေးမေးပါဟ"

"ဘာငါ့ကိုနားငြီးတော့ဟုတ်လား ဒေါက်"

"ဂျီမင်းရယ်နာလိုက်တာဘာလို့လာခေါက်နေတာလဲ နေမကောင်းတဲ့လူကိုအနိုင်ကျင့်ရသလား"

"ဘာဖြစ်လဲအဲ့တော့မေးတာဖြေဘယ်သူအပြင်ပေးထွက်လာတာလဲ"

"ငါ့အမေလေပေးထွက်လို့ပေါ့ဟ"

"ဟုတ်လို့လား"

"ဟုတ်ပါတယ် ရော့မယုံရင်မေးကြည့်ဖုန်းဆက်ပြီး"

ဘယ်လိုကောင်မှန်းကိုမသိဘူးအမှန်ပြောနေတာကိုလိမ်နေတယ်ထင်နေလားမသိဘူးမယုံသင်္ကာနဲ့လူကိုယုံသွားအောင်အမေကိုဖုန်းဆက်ပြီးသူနဲ့ပေးပြောလိုက်တယ်။အဲ့ကောင်ကလူကသာပုတာလျှာရှည်တာလွန်ရောသူ့အရှေ့မှာတော့ပုတယ်လိုမပြေရဲဘူးသူ့ပါးစပ်နဲ့လက်ကိုကြောက်လို့စိတ်ထဲမှာပဲပြောရတာ

"ရော့"

"ယုံပြီလား"

"အင်ငါ့ကမင်းကိုစိတ်ပူလို့ပါ"

"ငါသက်သာနေပါပီ"

"ဆေးကောသောက်ပြီးပြီလား"

"မသောက်ရသေးဘူး"

"ဘာ"

"ဆေးပါလာတယ်လေဒီမှာမင်းကအော်ဖို့ရီးပဲ"

"ပါလာရင်ပြီးရော"

"တော့ပိုကီမှာလိုက်တော့မယ်နော်"

"အစပ်တအားမစားနဲ့"

"အင်နည်းနည်း"

"ပြီးကော"

One Sided Love Tempat cerita menjadi hidup. Temukan sekarang