_12_

294 55 21
                                    

Unicode..

ဒီနေ့တော့ အလုပ်နားရက်နဲ့ ကျောင်းပိတ်ရက် တစ်ထပ်တည်းကျတဲ့နေ့ဆိုပေမယ့်လည်း စောစောထပြီး မီးဖိုချောင်ထဲဝင်ကာ အဒေါ်ကြီးတွေနဲ့ အိမ်အကူကောင်မလေးတွေကြား အလုပ်ကူလုပ်ပေးနေပါတယ် ဒါပေမယ့် လက်ကသာ ငရုတ်ဆုံထောင်းကို ထုထောင်းနေတာ လေပေါနေတဲ့ သူ့အသံက ငရုတ်ဆုံထောင်းတဲ့အသံထက် ပိုကျယ်ပြီးဟိန်းနေသေးသည်။

အဒေါ်ကြီးတွေနဲ့ကောင်မလေးတွေကလည်း ဟိုဆော့ပြောသမျှကို သဘောကျကာ တစ်ချိန်လုံး ရယ်မောနေကြတာကြောင့် မီးဖိုချောင်းတစ်ခုလုံး ဆူညံနေချိန် တစ်စုံတစ်ယောက်ကတော့ ကြားနေရတဲ့အသံတွေကြောင့် မကျေမနပ်ဖြင့် မျက်နှာကြီး ပုပ်သိုးရင်းဝင်လာသည်။

"မနက်အစောကြီးကို ဆူညံနေစရာလား...ဟမ်..
အသံတွေက ငါ့အခန်းထိတောင် ကြားရတယ်"

"သ...သခင်လေး...."
အကုန်လုံးကရယ်မောနေရင်းမှ ကင်မ်သခင်လေး အော်တာခံလိုက်ရတာမို့ ငြိမ်ကျသွားတာကြပေမယ့် ငရုတ်ဆုံထောင်းသံကြီးက မရပ်သွားခဲ့။
အိမ်အကူအားလုံးက သခင်လေးကိုမကြောက်ဘဲ သူ့အလုပ်သူဆက်လုပ်နေတဲ့ ဟိုဆော့ကိုကြည့်ပြီး လန့်နေကြပေမယ့် ဟိုဆော့ကတော့ မကြောက်တဲ့အပြင် ပါးချိုင့်အသေးလေးတွေပေါ်သည်အထိ ပါးစပ်ကိုစိကာ ရွဲ့ပြုံးပြလိုက်သေးသည်။

"ဂျောင်ဟိုဆော့!!!!
ခုချက်ချင်း ငါ့နောက်ကနေလိုက်ခဲ့..."

"ဗျာ...ဘာဖြစ်လို့လဲ သ...ခင်...လေး..."
ဒီနေရာမှာ အိမ်အကူတွေကြည့်နေမှန်းသိလို့ တမင်ခေါ်ထုတ်နေတာကို မကြောက်မရွံ့နဲ့ စကားတစ်လုံးချင်းဆီခွဲကာ ပြောနေတဲ့ ရှဉ့်ပေါက်ကို ချက်ချင်း ဆွဲဖက်နမ်းလိုက်ချင်စိတ်ကိုမနည်း ထိန်းထားရသည်။

"လိုက်ဆို လိုက်ခဲ့ ပြန်မမေးနဲ့..."

"ဟုတ် သခင်လေး..."
မီးဖိုချောင်ထဲဝင်လာကတည်းက ပုပ်သိုးနေတဲ့မျက်နှာကိုကြည့်တာနဲ့ ကောင်မလေးတွေနဲ့ သူ့ကို သဝန်တိုနေမှန်းသိလို့ ပိုပြီးစလိုက်တာ စိတ်ဆိုးသွားတယ်ထင်ပါရဲ့ တူတူသွားဖို့တောင်မစောင့် ရှေ့ကနေ သူ့အခန်းဆီ အရင် ဦးအောင်တက်သွားသည်။

Not The Last TimeWhere stories live. Discover now