ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{16}

Începe de la început
                                    

"ဒါဆိုကိုကို အာယွန်းသွားပြီနော်"

What?? ကိုကို?? ဆောင်းဟန်ဘင်း ခင်ဗျား ဆော့မက်သရူးနဲ့တွေ့ကိုတွေ့ဦးမှာ

"ကိုကို...စောင့်နေရတာကြာပီလားဟင်"

ချွဲပစ်နေတဲ့ အသံကိုသက်သက်လုပ်ယူလိုက်ပြီး ဆောင်းဟန်ဘင်းရှိသည့်နေရာသို့
မက်သရူးခပ်မြန်မြန်သွားလိုက်၏

"ကိုကို သူက??"

"အာ့...ဆော့မက်သရူးလို့ခေါ်ပါတယ်ဗျ ဆောင်းဟန်ဘင်းရဲ့ချစ်သူ"

ဒါပြီးရင် ခင်ဗျားနဲ့ကောင်းကောင်းကြီး
တွေ့ဦးမှာ ဆောင်းဟန်ဘင်း

ဟန်ဘင်းအနည်းငယ်လန့်သွားမိ၏ အခု
မက်သရူးက ဟန်ဘင်းရဲ့ချစ်သူပါလို့
မိတ်ဆက်လိုက်တာလား

"ကိုကို...သူကဘယ်သူလဲဟင် မက်ချူးကို မိတ်မဆက်ပေးဘူးလား"

ကိုယ့်ကိုယ်ကိုယ်လည်း မက်ချူးဟုလည်း
မက်သရူးသုံးလိုက်ပါသေးတယ်
ဆောင်းဟန်ဘင်း ခင်ဗျားကြီးကျွန်တော့်ကိုလျှော့မတွက်စမ်းပါနဲ့

"oppa ညီမကိုမမှတ်မိဘူးလား ညီမလေ ဆောင်းဟန်အာယွန်း"

"အာယွန်း!!"

သေလိုက်ပါတော့ ဆော့မက်သရူးရာ
ဆောင်းဟန်ဘင်းရဲ့ညီမကိုမှသွားပြီ သဝန်တိုနေရတယ်လို့

"အာယွန်းက Europe ကနေ ဘယ်တုန်းကပြန်ရောက်"

"ဒီနေ့ပဲရောက်တာ ကိုကိုလာကြိုတာလေ အခုလည်းအရေးတကြီးဝင်စရာရှိတယ်ဆိုတာနဲ့ အခုတော့ဘာလဲဆိုတာသေချာသိသွားပါပြီ"

"အာယွန်း အဲ့လိုမဟုတ်...."

"oppaတို့နော် အရမ်းလျှိုတာပဲ ommaကောသိပြီးပြီလား ommaသာသိလို့ကတော့ ဝမ်းသာနေမှာအသေချာပဲ အရင်ကထဲက ommaက မက်သရူးoppaကို ချစ်တာဆိုတော့"

"အာယွန်းခန oppaရှင်းပြ..."

"ommaကို မပြောရကျသေးဘူးထင်ပါရဲ့
ဒါဆို အာယွန်းသွားနှင့်တော့မယ် ကောင်းကောင်းလည်ခဲ့ကျပါ ပြီးတော့
အာယွန်းက လျှို့ဝှက်ချက်ကို သေချာပေါက်ထိန်းသိမ်းပေးထားပါ့မယ်"

ဟုဆိုတာက အာယွန်းက သူ့ပါးစပ်လေးကို ဇစ်ပိတ်သလိုမျိုးလုပ်ပြ၏ မက်သရူးကသာ အသည်းအသန်ရှင်းပြဖို့လုပ်နေတာ ဆောင်းဟန်ဘင်းကြီးက ငြိမ်နေတာကျောက်ရုပ်ကြီးကျလို့ ဟိုကလေးကလည်း သူပြောချင်တာပဲပြောသွားတာများ မက်သရူးကိုစကားပြောခွင့်တောင်မပေး

"မက်ချူးလေးက ကိုကို့ရဲ့ရည်းစားလေးလား"

Shittသေလိုက်တော့ ဆော့မက်သရူး မင်းဘာသာမင်းလျှာသွားရှည်မိတဲ့ကိစ္စပဲ

"အဟွတ်...ခင်ဗျားရည်းစားဖြစ်စရာလား"

"ခုနတုန်းက သေချာပေါက်ပြောလိုက်ပါတယ် ဘာတဲ့ "ဆော့မက်သရူးလို့ခေါ်ပါတယ်ဗျ ဆောင်းဟန်ဘင်းရဲ့ချစ်သူ" လို့သေသေချာချာကြားလိုက်တာကို"

"တော်ပြီဗျာ...သွား...သွားတော့မယ်"

"ဟေးမက်ချူးလေး ရှက်နေတာလား" ဟုဆိုကာ မက်သရူးအနောက်ကနေ လိုက်လာတဲ့ အဲ့မျက်နှာရူး ချစ်သူလို့ပြောပြီးပြီလေ
မက်သရူးက အဲ့တာကိုထပ်ပြောပြရဦးမှာလား

"ခင်ဗျား ထပ်မလိုက်လာနဲ့တော့"

"ဘာဖြစ်လို့လဲ မက်ချုးကလည်း"

"ရှက်လို့ဗျ ရှက်လို့"

"အဟားဟား မက်ချူးရယ်"

‌ကြည့်ပါဦး အားရပါးရကိုရယ်နေတာများ ဆောင်းဟန်ဘင်းကိုလေ အဲ့အချက်တွေကြောင့် မကြိုက်တာ

"ဒီနေ့ ကိုယ်တို့ရဲ့ပထမနေ့နော်"

"ခင်ဗျားကိုဘယ်သူပြော...."

"ဟေး ရန်မတွေ့နဲ့ ဒီမှာလူတွေအများကြီးနော် ဆိုးလာရင် မင်းရဲ့ထော်နေတဲ့နှုတ်ခမ်းလေးတွေကို နမ်းပစ်မှာ"

"ခင်ဗျားကြီးက ခြိမ်းခြောက်နေတာလား"

"မက်ချူးကအဲ့လိုထင်တော့လဲ ခြိမ်းခြောက်တာပေါ့"

မျက်နှာရူးဆိုတဲ့စကားက တကယ့်ကို
ဆောင်းဟန်ဘင်းနဲ့အလိုက်ဆုံးပင် အခုလည်း
မက်သရူးရဲ့လက်တွေကို ခွင့်ပြုချက်မတောင်းဘဲ ဆုပ်ကိုင်လာပြန်၏ မက်သရူးကတစ်ချက်ကြည့်လိုက်တော့ နမ်းရမှာလားဆိုတဲ့ အကြည့်တွေနဲ့လူကိုလာကြည့်လာ၏

မက်သရူးတို့ရဲ့ ပထမနေ့ကတကယ်မမိုက်ဘူး။

~🌹~

A/N- Thanks for followers 61😭

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇUnde poveștirile trăiesc. Descoperă acum