"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ" အပိုင်း ၅၈

76 6 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၅၈
.
.
.
.
.
"သခင်လေး "

"ပြောလေ စစ်ကျွေး"

"သခင်လေးက ဂိုဏ်းကိုပြန်ရမှာပေါ့နော် "

"ဟုတ်တယ် စစ်ကျွေးရဲ့ ဂိုဏ်းမှာက ဘယ်သူမှမရှိဘူးလေ ချိုက်ရီသခင်က ခဏစောင့်ကြည့်ပေးနေတယ်တဲ့ "

"ဟင်း...အင်းပါ ပြန်ရမယ်ဆိုတော့လည်း စစ်ကျွေးမတားသာပါဘူး ဒါပေမဲ့ လမ်းခရီးမှာတော့ ဂရုစိုက်ပါသခင်လေးရယ်"

"ဘာလဲ စစ်ကျွေးလေးက ကိုယ့်ကိုစိတ်ပူလို့လား "

"သခင်လေးရယ် လောကမှာ ကိုယ်ဖြစ်ချင်သလိုသာဖြစ်ခွင့်ရှိရင် ဘယ်စိတ်ဒုက္ခတေဆိုတာ ဘယ်မှာရှိမှာလဲ"

"အင်...ဒါဆိုရင် စစ်ကျွေးလေးခံစားရတဲ့ ဒုက္ခကဘာများလဲ လွမ်းဆွတ်မှုလား အချစ်ဒုက္ခလေးများလား"

"သခင်လေးကလည်းဗျာ ကျွန်တော့်ကိုအဲ့လိုမစပါနဲ့ ကျွန်တော်က အတည်ပြောနေတာပါ"

ဝိမ်နင်တစ်ယောက်ခွဲခွာခါနီးမို့ သူ့ချစ်ရသူအား စိတ်မညစ်စေရန် ရွှတ်နောက်နောက်ပြောနေပေမဲ့

စစ်ကျွေးလေးက ဝမ်းနည်းသွားကာ ငိုမလိုပင်ဖြစ်လာတာကြောင့်လ

"ခလေးငယ်ရယ် "ဆိုကာ ရင်ခွင်ထဲဆွဲသွင်းပစ်လိုက်၏

"ကိုယ်က ခလေးကိုလှောင်တာမဟုတ်ပါဘူး မင်းလေးပျော်အောင်လတမင်ပြောလိုက်တာပါ

ကိုယ်လည်းဘယ်ခွဲချင်ပါ့မလဲ စစ်ကျွေးရဲ့ ကိုယ့်ရင်တွေ ခံစားရလွန်းလို့ ပေါက်ထွက်မတတ်ပါပဲ "

"သခင်လေးရယ် "

ဆိုကာ ရင်ခွင်တွင်းသို့ ပိုတိုးဝင်လာတဲ့ ကိုယ်ရံတော်လေး

"မင်းလေးရယ် အချစ်ဆိုတာ ဘာမှန်းကိုနားမလည်တဲ့ကိုယ် မင်းလေးနဲ့တွေ့မှ ခံစားတတ်လာတာပါ

ခုခဏ ခွဲခွာရပေမဲ့လမင်းလေးရှိရာကို ကိုယ်အရောက်လှမ်းခဲ့မှာပါ "

"အင်းပါ သခင်လေးရယ် အရမ်းစိတ်မကောင်းမဖြစ်ပါနဲ့ ကျွန်တော်ကလေ ရုတ်တရက်ခွဲရမယ်ဆိုတော့ ဝမ်းနည်းသွားလို့ပါ "

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now