6

864 98 12
                                    

"ဆောဘင်း ဒါ မက်ချူးလေ"

"မတွေ့တာကြာပြီနော် Hyung"

"ဟုတ်ပါရဲ့ တွေ့ရတာဝမ်းသာပါတယ်။မက်ချူး"

"ဟုတ်"

ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ Hyungနဲ့အတူ ပွဲတက်ရင်း ဆောဘင်း Hyung နဲ့လည်း နှုတ်ဆက်ခဲ့ကြသည်။အရင်က ဂယူဘင်းနဲ့အတူ ဆောဘင်းhyung ကို တွေ့ခဲ့ဖူးတာမို့ လုံးဝတော့စိမ်းသက်မနေပါ။

"အူဟျွန်းနီး"

"ဟုတ် အန်တီ"

ဂျီအွန်းရဲ့ မိဘတွေက အူဟျွန်းကို တခြားလုပ်ငန်းရှင်တွေနဲ့ မိတ်ဆက်ပေးသည်။ ဂျီအွန်းကို သမက်တော်ဖို့ မျက်စိကျနေတဲ့ လုပ်ငန်းရှင်တွေကို ပိုင်ရှင်ရှိကြောင်း မဏ္ဍပ်တိုင်တက်ပြတာဖြစ်သည်။

"Hyung ပျော်ပျော်ရွှင်ရွှင်နေနော်"

"ဆောဘင်းနီးရောပဲ၊ ပျော်ရွှင်ပါစေ"

ဂျီအွန်းက ဆောဘင်းနဲ့ နှုတ်ဆက်စကားဆိုပြီး ပွဲထဲကိုဝေ့ဝဲကြည့်လိုက်သည်။လူတွေအများကြီးထဲကမှ သူ့ရဲ့နေရောင်ခြည်လေးဟာ လင်းလက်တောက်ပနေသည်။

ဖေဖေက ပုခုံးဖက်လို့ စကားတွေပြောနေတာကို မက်ချူးက ရယ်မောကာ နားထောင်နေသည်။ နဂိုတည်းက မိဘတွေရဲ့ အချစ်တုံးလေးမို့ သူ မက်ချူးနဲ့တွဲနေကြောင်း၊ တစ်ဘဝလုံးစာ ရည်ရွယ်ထားကြောင်းပြောပြတုန်းက အလွယ်တကူ လက်ခံပေးခဲ့ကြသည်။

ဂျီအွန်းက ဖေဖေတို့ဆီ လျှောက်သွားလိုက်ရင်း ရှန်ပိန်ခွက်လေးကိုပါ ယူလာခဲ့သည်။

"ဘာတွေပြောနေကြတာလဲ၊ ဂယူဘင်းရေ ကမ်းပေ့လုပ်ကြမယ်လေ။"

တခြားဝိုင်းမှာ စကားပြောနေတဲ့ ဂယူဘင်းပါ ရောက်လာပြီး မိသားစုငါးယောက် ရှန်ပိန်ခွက်ချင်းတိုက်လိုက်ကြတော့သည်။

"ကမ်းပေ့နော် ဘေဘီ"

ဂျီအွန်းက မက်ချူးဖန်ခွက်လေးကို တိုက်လိုက်ပြီး ရှန်ပိန်ကို မော့လိုက်သည်။
ကုန်ပစ္စည်း မိတ်ဆက်ပွဲဟာ အောင်မြင်စွာပြီးဆုံးသွားပါတော့သည်။

X

"Hyung ဒီမှာနေချင်လား"

ဂျီအွန်း မိဘအိမ်မှာ ညစာအတူစားဖို့ ပြင်ဆင်နေတုန်းမက်ချူးက ဂျီအွန်းကို မေးလာသည်။

너,다시 (U, Again)Où les histoires vivent. Découvrez maintenant