"Hyung Hyung ထတော့ ထ "
Alarm သံမြည်တော့ အူဟျွန်းက Hyungကို နှိုးလိုက်သည်။ ဒီနေ့ Hyung မနက်စာပြင်ရမယ့်အလှည့်။
"ဂျီအူးနီးရားး ဗိုက်ဆာပြီ ထတော့ဆိုနေ"
အူဟျွန်းကိုယ်ကို နောက်ကနေသိမ်းကြုံးဖက်ထားတဲ့ ဂျီအွန်းကတော့ ထမည့်ပုံမပေါ်။
"Hyung လို့.."
"အင်း "
"ဒီနေ့ Hyung မနက်စာပြင်ရမှာလေ၊ ထတော့လို့။ "
"ငါးမိနစ်ပဲလေ၊ ညက ကိုယ့်ကို မအိပ်ခိုင်းတာ ဘယ်သူလဲ။ "
Hyungက အူဟျွန်းရဲ့ နားရွက်ဖျားလေးကို လှမ်းကိုက်ရင်း ပြောတော့ အူဟျွန်းမှာ Hyung ကိုယ်ထဲသာ ပိုကျုံ့ဝင်မိသည်။
နားရှက်စရာတွေ သဝါး....။
"ကဲပါ ဗိုက်ဆာနေပြီဆိုတော့လည်း ထရမှာပေါ့။"
ဂျီအွန်းက မက်ချူးရဲ့ ပါးလုံးလေးကို တစ်ဝကြိိးနမ်းပြီးမှ အိပ်ရာက ထသွားတော့သည်။
"မနက်စာပြင်ပြီး လာခေါ်မယ်နော်၊ နည်းနည်း အိပ်လိုက်ဦး၊ ညက ပင်ပန်းထားတယ်မလား။"
"အာ Hyungဗျာ၊ သွား သွား"
လူကို မထိတထိလာစနေတာမို့ အူဟျွန်းက Hyungကို အတင်းကန်လွှတ်လိုက်ရတော့သည်။
Hyungက အကျယ်ကြီးရယ်မောရင်း အခန်းထဲက ထွက်သွားတော့သည်။အူဟျွန်းလည်း ဆက်အိပ်မရတော့တတာမို့ ခဏလောက်ပဲလှဲနေပြီး Hyung ရှိရာ မီးဖိုချောင်ဆီထွက်လာခဲ့လိုက်သည်။
"အင် ဆက်အိပ်နေတာ မဟုတ်ဘူး၊ကိုယ်ပြီးရင် လာခေါ်ပါမယ်ဆို"
"အိပ်မရတော့လို့ "
အူဟျွန်းက hyung ကို နောက်ကျောမှနေ ဖက်ထားကာ ကျောပြင်ကျယ်ကြီးကို မှီနေလိုက်သည်။ အလုံခြုံဆုံးအိမ်ကလေးက hyungပေါ့။
Hyung က ကနေဒါမှာ သူနဲ့အတူလာနေတာ ၆လကျော်ပြီဖြစ်သည်။ ခြံဝန်းပိစိလေးနဲ့အိမ်ကို မေမေက လက်ဆောင်အနေနဲ့ဝယ်ပေးတာမို့ နှစ်ယောက်တည်း သက်သက်ခွဲနေဖြစ်ကြသည်။
"ကလေးလေး ထိုင်နေပါလား၊ ကိုယ်လမ်းလျှောက်လို့မရတော့ဘူး။"