3

573 79 26
                                    

Unicode

" အီဟီဆွန်း ! ခင်‌ဗျားမှာ ချစ်တတ်တဲ့အသည်းနှလုံး မရှိဘူးဆိုတာ ငါမသိခဲ့ဘူး "

" ခင်ဗျားနဲ့ ပတ်သတ်မိခဲ့တာက ငါ့ဘဝမှာ‌အကြီးဆုံးအမှားပဲ "

" မုန်းတယ် ။ မုန်းတယ် အီဟီဆွန်း ! ခင်ဗျားကိုလည်းမုန်းတယ် ၊ ခင်ဗျားကိုချစ်မိတဲ့ ငါ့ကိုယ်ငါလည်း သိပ်မုန်းမိတယ် "

ခပ်ဝဲဝဲ တိုက်ခတ်နေသည့် လေပြေနှင့်အတူ ဟန်မြစ်ရဲ့နွေညချမ်းဟာ သိပ်ကိုလှသလောက် ‌ဆောင်းဟွန်းရဲ့မျက်ဝန်းထဲကမျက်ရည်တွေကတော့ ဤညချမ်းနှင့်မလိုက်ဖက်စွာ သိပ်ကို အကျည်းတန်လွန်းခဲ့သည် ။

🐈🤍🐁


" ချာတိတ်လေး ။ ဘာတွေတွေးနေလို့ ကိုယ်ရောက်နေတာတောင် မသိရတာတုန်းကွာ "

ဟီဆွန်း သူ့ရဲ့ဘေးနားမှာ လာထိုင်တာကိုတောင် မသိရလောက်‌အောင် ဒီကောင်လေးရဲ့ အတွေးထဲ သူကလွဲပြီး ဘာတွေများစိုးမိုးနေပါလိမ့် ။

" ဘာချာတိတ်လဲ ။ အစ်ကိုနော် အဲလိုခေါ်တာမကြိုက်ပါဘူးလို့ ပြောထားတယ်လေ "

" အော်ဟော် ! ခင်‌ဗျား‌လေးကရော ဘာထူးလို့တုန်း ။ အစ်ကိုလို့ ခေါ်တာမကြိုက်ဘူး ကိုကိုလို့ပဲ ခေါ်ပါဆိုတာကို ခေါ်လို့လားပြော "

ဟီဆွန်းက မကျေနပ်သလို ပြောလိုက်တော့ တစ်ဖက်က နို့ခဲလေးမှာ ဘာမှထပ်ပြောမလာတော့ ။ ထိုအစား နှုတ်ခမ်းလေးတို့က စူထော်လာတာကြောင့် ဟီဆွန်းအူလှိုက် သည်းလှိုက် အော်ရယ်‌မိတော့သည် ။
“ပတ်ဆောင်းဟွန်း” ဆိုတဲ့ ထိုကောင်လေးဟာ တအားကို ချစ်ဖို့ကောင်းလွန်းသလို သူ့အသည်းကိုလဲ ကလိကလိဖြစ်အောင် လုပ်နိုင်လွန်းပါ၏ ။

ထိုကောင်လေးနဲ့ ရင်းနှီးလာတဲ့ သုံးလအတွင်းဟီဆွန်း ကောင်လေးရဲ့ အကျင့်စရိုက်တော်တော်များများ ကို ပိုပြီးသိလာခဲ့ရသည် ။
သူများကိုသာ ကတ်ကတ်လန် ရန်တွေ့မယ် ။ သူ့ကို ပြန်နိုင်စားရင်တော့ ချက်ချင်းနှုတ်ခမ်းစူကာ စိတ်ကောက်တတ်တာဟာ ထိုကောင်လေး၏ အူယားစရာကောင်းလွန်းတဲ့ အကျင့်လေးပင် ။

" အစ်ကို ။ ဒီလိုပဲ ဆက်တိုက် ကြည့်နေမယ်ဆိုရင် ကျွန်တော်ထွက်ပြေး အင့်.. "

𝗧𝗼𝗺 & 𝗝𝗲𝗿𝗿𝘆 [Hiatus]Where stories live. Discover now