Part 10

1.3K 76 4
                                    

အချိန်သည်ကား..ည၁နာရီထိုးနေပြီဖြစ်သည်..သူပြန်မလာသေး၍နန်းမအိပ်နိုင်သေးပေ..ထို့နောက်facebookကိုဖွင့်ကြည့်နေရင်း..သတင်းတစ်ခုတက်လာ၍ကြည့်လိုက်သောအခါ...

ယာဥ်တိုက်မှုသတင်းဖြစ်နေသည်...လူနာမှာဆေးရုံသို့ရောက်သွားပြီး..သတိလစ်မေ့မျောနေကြောင်းနှင့်ဘယ်သူဖြစ်တယ်ဆိုတာ.မသိရသေးကြောင်း..လူနာစီးလာသည့်ကားနံပါတ်ကိုစစ်ဆေးကြည့်သည့်အခါ..SK car showroomပိုင် ကားတစ်စီးဖြစ်ကြောင်းသိရပြီးဆက်လက်စုံစမ်းနေသည်ဟု..သိရသည်

"SK Car Showroomက အိမ်ကပိုင်တဲ့ဟာ ကားပုံကိုအောက်ကlinkထဲဝင်ကြည့်မှ" ဟုတွေးကာ linkထဲကိုဝင်ကြည့်လိုက်တော့

"ဟင်...မောင်စီးသွားတဲ့ကား" ဟု ဆိုကာ အခန်းအပြင်ထွက်တော့

"သမီး..သိပြီးပြီလား..."

"ဟုတ်ကဲ့အန်တီဆွေး..သမီးအခုfacebookကြည့်ရင်းတွေ့လိုက်လို့..လာပြောတာ"

"အန်တီတို့ကိုလည်း.....ရုံးကကားဆိုပြီးဖုန်းဆက်ပြီးအကြောင်းကြားကြတာ"

"သူအခုဘယ်ဆေးရုံမှာလဲဟင်..သမီးအခုလိုက်သွားမယ်" ဟု ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတဲ့ချွေးမဖြစ်သူကိုကြည့်ပြီး

"အန်တီတို့နဲ့အတူတူသွားကြတာပေါ့.." ဟုဆိုကာ..ပုခုံးကိုဖက်ကာ...အားပေးနှစ်သိမ့်လိုက်လေသည်

ဆေးရုံကုတင်ပေါ်တွင် ခေါင်းမှာပတ်တီးဖွေးဖွေးဖြင့်မျက်နှာတွေစုတ်ပြတ်ကာလှဲလျောင်းနေသည့်..သူကိုကြည့်ပြီး.ငိုနေမိသည်..

သက်ဆိုင်ရာဆရာဝန်ကြီးရောက်လာသောကြောင့်

"ဆရာ..သူ့ရဲ့အခြေအနေသိချင်ပါတယ်" ယောက္ခထီးဖြစ်သူကမေးလိုက်တော့

"အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပါဘူး...ခေါင်းကိုထိသွားတဲ့အတွက် ဘယ်အချိန်သတိရလာမလဲဆိုတာတော့.မခန့်မှန်းနိုင်သလို အတိတ်မေ့သွားတာမျိုးလည်းဖြစ်နိုင်ပါတယ် လူနာနိုးလာမယ့်အခြေအနေကိုပဲစောင့်ကြည့်ကြတာပေါ့"

"ဟုတ်ကဲ့ပါဒေါက်တာ"

"ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး.." ဟုဆိုကာ..တခြားအခန်းများသို့roundလှည့်ရန်ထွက်သွားသည်...
.....................

အချစ်များစွာယူ Donde viven las historias. Descúbrelo ahora