"အရှင်​မင်းမြတ်​ရဲ့ကျန်းမာ​ရေး​​ကြောင့်​ ကျွန်​​တော်​မျိုးတို့အမှန်​ပဲဝမ်းနည်းရပါတယ်​ အရှင့်​သား .."

ကုန်​သည်​​ခေါင်း​ဆောင်​သည်​ရိုကျိုးစွာဦးညွှတ်​ရင်းဆို​လေသည်​။နမ်​ဂျွန်း​ သူတို့၏​ကြောင့်​ကြမှုကိုအသိအမှတ်​ပြုစွာ​ခေါင်းငြိမ့်​ပြမိသည်​။နံ​ဘေးရှိလီယိုအားလည်း ပထမဆုံးအကြိမ်​အကဲခတ်​မိ​တော့ ခန်းမကျယ်​၏ကြီးမား​သောတံခါးထံသို့ခပ်​​တွေ​တွေ​ငေး​နေတာကို​မြင်​လိုက်​ရသည်​။

လက်​ကိုဆုပ်​ကိုင်​​ပေးလိုက်​မှ ကိုယ်​သည်​တုန်​သွားပြီးသူ့ထံသို့ပြာပြာသလဲလှည့်​ကြည့်​ကာ သတိဝင်​သွားပုံ​ပေါ်​လေသည်​။မျက်​ခုံးပင့်​ကာ​မေး​ငေါ့ပြမိ​တော့ ​ခေါင်းကိုခါယမ်းသည်​။လူသတ်​ရန်​အ​တွေး​တွေရှိ​သောအဆိုး​လေးဟာထိုသို့အူ​ကြောင်​​ကြောင်​နိုင်​လျှင်​လည်း သူ့အသည်းတယားဖြစ်​သည်​။

ကုန်​သည်​များနှင့်​အလုပ်​သမားများသည်​ သူတို့ယူ​ဆောင်​လာကြ​သောကုန်​ပစ္စည်းများကို ခန်းမအတွင်းသို့​ပြောင်း​ရွှေ့ကာသယ်​​ဆောင်​​နေကြ​လေသည်​။ထိုအရာများကိုလိုက်​လံစစ်​​ဆေး​နေ​သောမြို့​တော်​ဝန်​နှင့်​တပ်​သားများရှိပြီး ကုန်​သည်​​ခေါင်း​ဆောင်​သည်​​တော့ သူ့နံ​ဘေးတွင်​တပြုံးပြုံးနှင့်​ဖြစ်သည်​။

"အရှင့်​သား အရှင့်​အမိန့်​နဲ့ အရှင့်​ကျန်းမာ​ရေးသတင်းပါ,ပါတယ်​ .."

အ​နောက်​နားမှရစ်​ချက်​၏တုန်​ယင်​​နေ​သောစကားသံခပ်​တိုးတိုး​ကြောင့်​ အရှင့်​သား၏မျက်​နှာ​တော်​သည်​ချက်​ချင်းဆိုသလို တည်​တင်း​နေရာမှ​ပြေ​လျော့သွားရသည်​။ရစ်​ချက်​ထံသို့မျက်​နှာတစ်​​ဖက်​​စောင်းချိန်​တွင်​ လီယိုသည်​လည်း သူ့အား​ငေးလာခဲ့သည်​။

"အရှင်​ကျန်းမာ​ရေးအလွန်​ချို့ယွင်း​နေပြီလို့ သတင်းရပါတယ်​ အရှင့်​သား အသတ်​ကိုမှီလိုရင်​ မြို့​တော်​ကိုပြန်လာဖို့အရှင့်အမိန့်​ပို့သလိုက်​ပါတယ်​ .."

"ဘယ်​..ဘယ်​လို .."

ရင်​အတွင်းလွန်​စွာတုန်​လှုပ်​သွားခဲ့သည်​။နမ်​ဂျွန်းကိုယ်​ယိုင်​ကျသ​ယောင်​ဖြစ်​လို့ နံ​ဘေးမှလီယိုသည်​သူ့လက်​​မောင်းအားအလွန်​ဆုပ်​ကိုင်​​ပေးလာခဲ့သည်​။ခမည်း​တော်​၏ပုံရိပ်​များသာသူ့ထံစိုးမိုးသွားခဲ့သည်​။

BLUE BLOOD { NamJin } Completed !!!Where stories live. Discover now