Zawgyi~
ဦးရီးနေထိုင်သောနေရာသည် မြို့တော်အတွင်းမှာပင်တည်ရှိသော်ငြား ရဲတိုက်နှင့်အလှမ်းဝေးလှသည်။ဆော့ဂျင် ထုံးစံအတိုင်းအနက်ရောင်ဝတ်စုံရှည်ကိုဝတ်ဆင်ထားပြီး ခမောက်ခပ်ကြီးကြီးကိုဆောင်းထားသေးသည်။နံနက်ခင်းနေထွက်စအချိန်ကာလဖြစ်၍ သူ့ကိုယ်ပေါ်သို့နေရောင်တွေတစ်စ၊တစ်စဖြာကျတတ်သည်။
ဆော့ဂျင်လက်ထဲရှိလိပ်စာပါစာရွက်အားဆုပ်ကိုင်ထားရင်း ခြေလှမ်းတွေသည်မြန်ဆန်နေကြသည်။မြို့တော်အတွင်းဝယ် မြင်းလှည်းများနှင့်သွားလာကြသူများရှိသလို၊ခြေကျင်သွားလာနေကြသူများလည်းအတော်များများရှိကြလေသည်။
ဗဟိုဈေးဟုပြောကြသည့် ဈေးတန်းမှလူထူထပ်နေမှုကိုလည်း အံကြိတ်ကာ ဖြတ်ကျော်ပြီးနောက်မှာတော့ လမ်းကျဉ်းကျဉ်းတွေကြားသို့ ဆော့ဂျင်ရောက်လာခဲ့သည်။လူတွေနှင့်အနေဝေးသောဆော့ဂျင်အဖို့ ဒီလိုအခြေအနေတွေဟာစိမ်းသက်သက်နိုင်လှသည်။ဝတ်ရုံ၏အောက်ခါးကြားတွင်အမြဲဆောင်ထားလေ့ရှိသောဓားမြှောင်သည်လည်း သူနှင့်အတူပါလာခဲ့သည်။
လမ်းကျဉ်းကျဉ်းများ၏တစ်ဖက်တစ်ချက်စီတွင် ဟောင်းနွမ်းသောအဆောက်အအုံများရှိပြီးလျှင် လိပ်စာပါနေရာသို့သူရောက်လာခဲ့သည်။လာခဲ့သောတစ်လျှောက်တွင် မည်သူ့ကိုမျှမမေးမြန်းခဲ့ရ၍ တော်သေးသည်ဟုသူထင်မိသည်။
အဆောက်အအုံဟောင်းနွမ်းနွမ်းများတွင် မျက်နှာချင်းဆိုင်အခန်းများတည်ရှိလေသည်။အခန်းအမှတ်စဉ်(၄)..စာရွက်အတွင်းရှိအရေးအသားနှင့် တံခါးထိပ်တွင်ကပ်ထားသော အခန်းအမှတ်စဉ်တူညီကြောင်းတွေ့ရှိသည်။
*ဒေါက် ဒေါက် *
"ဦးရီး .. ကျွန်တော်ပါ .."
လေသံကိုမတိုးမကျယ်အနေအထားနှင့်အသံပေးမိပြီးနောက် ဖုန်အနည်းငယ်တက်နေပြီဖြစ်သောညှပ်ဖိနပ်ကိုငုံ့ကြည့်နေမိသည်။
BẠN ĐANG ĐỌC
BLUE BLOOD { NamJin } Completed !!!
FanfictionKim NamJoon X Kim SeokJin ရူးမတတ်မုန်းတီးပါသော အရှင့်နှလုံးသားထဲကတော်ဝင်သွေး...ဧကရာဇ်၏သွေး..။ ❗ဤfictionတွင်ပါဝင်သော နောက်ခံမှန်သမျှတို့သည် Lili ၏စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။❗