မြေအိုးလုပ်တဲ့မျိုးနွယ်စု၀င်တွေက  သူတို့အိမ်မှာရှိနေတဲ့ ပိုလျှံတဲ့မြေအိုးအားလုံးကို ဂူထဲရွှေ့ပြောင်းခဲ့ကြတယ်။မိသားစုတိုင်းကလည်း ပိုလျှံနေတဲ့အဆီနဲ့ တိရစ္ဆာန်သားရေတွေကို ထုတ်ယူခဲ့ကြပြီး ဂူထဲမှာ သိမ်းဆည်းခဲ့ကြတယ်။ ပြင်ဆင်ပြီးနောက်မှာ ကျောက်တုံးတွေနဲ့ချွန်ထက်နေတဲ့တုတ်ချောင်းရှည်‌တွေကို ဂူထဲမှာ သူသိမ်းဆည်းထားလိုက်တယ်။

မိသားစုထဲက ထိခိုက်ဒဏ်ရာရရှိပြီးစောင့်ရှောက်မှုလိုအပ်နေတဲ့ orcs‌ တွေကလွဲပြီး မိန်းမပျိုလေးတွေကတောင် အပျင်းထူမနေဘဲ အခြားသူတွေအားလုံးစုဝေးနေတဲ့ခိုလှုံရာဂူထဲမှာ လေးနဲ့မြှားတွေကို စတင်ပြုလုပ်ကြတော့တယ်။သူတို့က ပိုင်မုနဲ့အတူ ဘယ်လိုတိုက်ခိုက်ရတယ်ဆိုတာကိုလည်း လေ့ကျင့်ခဲ့ကြတယ်။ တကယ်တော့ ပိုင်မုက သူ့တို့ကို ကောင်းကျိုးဆိုးကျိုးခွဲခြားသိမြင်တတ်တဲ့စိတ်ထားရှိဖို့ကိုလည်း သင်ပေးခဲ့တယ်။ သူတို့ရဲ့စွမ်းရည်က အရမ်းဆိုးရွားတဲ့အဆင့်မှာရှိတယ်။မြှားဆယ့်လေးချောင်းလောက်ပစ်တာတောင် ပစ်မှတ်ကို လွဲချော်ကြသေးတယ်။

လေ၀င်လေထွက်ကောင်းအောင် ထိန်းထားဖို့ရာ လူအရမ်းများတာကြောင့် ခိုလှုံရာဂူမှာ ဂိတ်ပေါက်တစ်ခုမှ တပ်ဆင်ထားခြင်းမရှိပေမာ့်လည်း ခြံစည်းရိုးငါးခုကို မာကျောတဲ့သစ်သားတွေနဲ့ တပ်ဆင်ထားတယ်။ဒါ့အပြင် ကြီးမားတဲ့တိရစ္ဆာန်သားရေကန့်လန့်ကာကို ပြင်ဆင်ထားပြီး အရမ်းအေးတဲ့အခါကျရင်   လေကိုပိတ်ဆို့ဖို့ရာအတွက် ကန့်လန့်ကာကိုချိတ်ဆွဲထားလိုက်ရုံပဲ ။ အဲ့ဒါမှ မလုံလောက်သေးရင်လည်း မီးအပူချိန်အနည်းငယ် ထပ်တိုးနိုင်တယ်လေ။

ခိုလှုံရာဂူကို ပြင်ဆင်ပြီးနောက် orcs တွေက ကွင်းပြင်ပတ်ပတ်လည်မှာ ထောင်ချောက်တွေကို စတင်တူးကြတယ်။ မိန်းမပျိုတွေက ကြိုးလှေကားကို ရက်လုပ်နေကြပြီး အိမ်မှာပိုနေတဲ့ ချည်မျှင်စိမ်းတွေနဲ့ ကြိုးတွေကို ပြင်ဆင်ကြတယ်။

ကိုးရက်လောက်အလုပ်ရှုပ်ပြီးတဲ့နောက်မှာတော့ ပြင်ဆင်မှုတွေအားလုံးကို သူအပြီးသတ်နိုင်သွားတယ်။ ပိုင်မုက သူအဆင်သင့်မဖြစ်ခင်မှာ သားရဲအုပ်ရောက်လာမှာကို စိုးရိမ်တာကြောင့် နောက်ရက်အနည်းငယ်မှာ သူပို,ပိုပြီးစိုးရိမ်လာတယ်။ ကံကောင်းထောက်မစွာနဲ့  သူစိုးရိမ်နေတဲ့အခြေအနေက မဖြစ်လာခဲ့ဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now