မျိုးနွယ်စုခေါင်းဆောင်က သူ့စကားကိုနားထောင်ပြီးနောက် ခဏလောက်တိတ်ဆိတ်သွားပြီး ပြောခဲ့တယ်။“ပိုင်မု မင်းပြောတဲ့အတိုင်းလုပ်ကြမယ် နောက်ကျရင် မျိုးနွယ်စုထဲက စစ်သည်တွေကို အစားအစာဖြန့်ဝေပေးလိုက်မယ် မင်းလည်းပဲ ငါနဲ့အတူတူ သွားရလိမ့်မယ် မင်းက လူတိုင်းကို ဒီအကြောင်းပြောပြပြီးတော့ မင်းဆန္ဒအတိုင်း စတင်စီစဉ်ပေးဖို့ တစ်ယောက်ယောက်ကို ငါစီစဉ်ပေးမယ်"

ပိုင်မုက ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်၊ဒါက လုံး၀ကို သူမျှော်လင်ထားတဲ့အတိုင်းပါပဲ။ ဒီအချိန်မှာ သူအဆင်သင့်ဖြစ်ထားရင် နောက်တစ်ခေါက်ထပ်လာမယ့်သားရဲဒီရေလှိုင်းမှာ မျိုးနွယ်စု၀င်တွေဆီမှာ ထိခိုက်ပျက်စီးမှုတွေခံစားရမှာမဟုတ်ဘူးလို့ ပိုင်မုယုံကြည်တယ်။ဦးဆောင်တိုက်ပွဲဝင်နေရတဲ့ orcs တွေအတွက်တော့ သူတို့ရဲ့ အသေအပျောက်ကို လျှော့ချဖို့ နည်းလမ်းကောင်းကို သူမစဉ်းစားရသေးဘူး။

ဒါ့ကြောင့် မျိုးနွယ်စုခေါင်းဆောင်ရဲ့ ပံ့ပိုးကူညီမှု၊ မျိုးနွယ်စုတစ်စုလုံးရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ မျိုးနွယ်စုက ပြင်းထန်တဲ့အအေးဒဏ်ကိုကြံ့ကြံ့ခံကာ သားရဲအုပ်ကိုခုခံဖို့ ပြင်ဆင်နေကြတော့တယ်။ ပထမဦးဆုံး ခဲယ်လ်တစ်က ပိုင်မုကို လူမနေတဲ့ဂူအနည်းငယ်ကို ကြည့်ရှုဖို့ ခေါ်သွားခဲ့တယ်။ဂူတွေထဲက တစ်ခုမှာ  ရေပေါက်ငယ်တစ်ခုရှိပြီး ကျောက်သားနံရံကနေ ရေတွေစိမ့်ထွက်နေတယ်။ ပြီးတော့ ဂူက လုံလုံလောက်လောက်ကိုကြီးတယ်။ဂူအပြင်ဘက်ဘက်က  ကျောက်သားနံရံကလည်း လုံလုံလောက်လောက်ကိုမတ်စောက်တယ်။ပိုင်မုက အဲ့ဒီဂူကိုအရမ်းစိတ်တိုင်းကျခဲ့ပြီး အဲ့ဒါကိုခိုလှုံတဲ့‌နေရာအဖြစ်ထားဖို့ ဆုံးဖြတ်ခဲ့တယ်။

ထို့နောက် ခြံစည်းရိုးနဲ့ ခုခံရေးလက်နက်တွေပြုလုပ်ဖို့ရာ ထင်းခုတ်ဖို့ တောထဲသွားကြတယ်။ orc ငယ်လေးက အပျင်းထူမနေဘဲ ထောက်ပံ့ရေးပစ္စည်းတွေကို စတင်ကူညီသယ်ဆောင်ပေးခဲ့တယ်။ ပိုင်မုက နေရာလွတ်ထဲမှာရှိတဲ့  ကျောက်မီးသွေးတစ်ဝက်ကို ထုတ်ယူလိုက်ပြီး တစ်စိတ်တစ်ပိုင်းကို အိမ်မှာထားခဲ့ကာ ကျန်တဲ့တစ်စိတ်တစ်ပိုင်းကိုတော့ သူခိုလှုံရမယ့်ဂူဆီ ရွှေ့ပြောင်းခဲ့တယ်။ပိုင်မုက  အာလူးအချို့၊ ကန်စွန်းဥ၊အသားခြောက်၊ နို့သစ်သီး(မိခင်သစ်သီး)နဲ့ ပေါင်မုန့်သီးအချို့ကိုလည်း ယူထုတ်ပြီး ဂူထဲမှာထည့်လိုက်တယ်။ သူတို့အိမ်ကို အပေါများဆုံးက အစားအစာဖြစ်ဖို့ ဘယ်သူလုပ်ထားတာလဲ။ ဒါပေမယ့် သူက အများကြီးမထည့်ထားပါဘူး၊ အဲ့ဒါက အရေးပေါ်သုံးဖို့လောက်ပဲ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓जहाँ कहानियाँ रहती हैं। अभी खोजें