8

71 10 0
                                    




“အဲဒီအောက်မှာ ငရဲခန်းရှိတယ် သိလား”

“ငရဲခန်းဆိုတာ ဘာလဲ”

“ငရဲတောင်မသိဘူးလား။ ငရဲခန်းဆိုတာ ကြောက်စရာ”

“ဟိုးမှာ မြစ် မြစ်”

“အို လှတယ်နော်”

“ငါ့ကို ဘာဖြစ်လို့ တွန်းတာလဲ”

“ခေါင်းလောင်းထိုးမယ် ခေါင်းလောင်းထိုးမယ်”

ကလေးတွေက ရွယ်တူလေးတွေ၊ အတန်းတူလေးတွေ။ သို့သော်လည်း ဟန်ပန်ချင်းမတူ။ ဝတ်ပုံစားပုံချင်းမတူ၊ စကားပြောပုံချင်းလည်းမတူ၊ တချို့က ရဲတင်းသည်။ သွက်လက်သည်။
တချို့က မှုန်ကုပ်ကုပ်နေတတ်သည်။ တချို့က လူကြောက်သည်။ တချို့ ဂန်ကျယ်ကျယ် မျက်နှာပေးနှင့်ပေါ့။ သေချာတာကတော့ ကလေးတွေအားလုံး ပျော်ရွှင်နေကြသည်။

ပျော်မှာပေါ့။ သူတို့အဖြစ်က ပျော်ပွဲစားထွက်သလိုပဲကိုး။ တချို့က အသံကုန်ခြစ်ပြီး တခစ်ခစ် အော်ရယ်နေသည်။ မိန်းကလေးတွေက အရယ်သန်ပြီး ယောက်ျားလေးတွေက အဆော့သန်လေသည်။ ချမ်းသာသည့်ကလေးက ဂန်ကျယ်ပြီး ဆင်းရဲသည့်ကလေးက သေသေဝပ်ဝပ် ကုပ်ချောင်းချောင်း ဖြစ်လိမ့်မည်ဟု ကျွန်မထင်ခဲ့သော်လည်း အဲလို မဟုတ်ပါ။ ချမ်းသာသည့်ပုံစံရှိသောကောင်လေးက ဆရာဝန်၏သားတဲ့။ သူက ရိုးရိုး ကုပ်ကုပ်လေး။ ဆင်းရဲသည်ဟု ကျွန်မသိထားသော Wonyoung က ဆော့သလားမမေးနှင့်။ ပြီးတော့ သူက ဆရာကြီး၊ သူ့ဘေးမှာကောင်မလေးတွေ ဝိုင်းနေအောင် သူက ထိန်းထားနိုင်သည်။ သူ့မှာရှိသောပိုင်ဆိုင်မှုတွေက သူများမှာမရှိပေ။ သူ့မှာရှိသော ပစ္စည်းတွေက ဂေါ်လီလုံးလေးတွေ၊ ကျောက်ဒိုးတွေ၊ နွမ်းဖတ်နေသော အရုပ်ကားချပ်လေးတွေ။

“ဖိုထိုးတယ်ဆိုတာ နင်တို့ သိကြလား။ လုံထဲထည့်ပြီး ဓာတ်လုံးရအောင်လုပ်တာ။ မီးကျီးခဲရဲရဲတောက်နေအောင် ဖိုကိုလေထိုးရတာ”

သူ့ကို နားထောင်နေသည့်ကလေးတွေ ပါးစပ်အဟောင်းသားနှင့်။ သူက သူ့စကား ထိရောက်ရဲ့ လားဟု အကဲခတ်လိုက်သေး၏။ ထို့နောက် ဆက်ပြောသည်။ ။

“အဲဒီဓာတ်လုံးက သိပ်စွမ်းတယ်။ ကြေးတို့ သံတို့ကို ရွှေဖြစ်အောင် လုပ်လို့ရတယ်။ ပြီးတော့ နင်တို့သိလား။ အဲဒီ ဓာတ်လုံးကို ရရင် မိုးပေါ်ကို ပျံသွားနိုင်တယ်”

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now