ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{13}

Start from the beginning
                                    

"ရစ်ကီ မင်းဘာလို့ ထွက်လာတာလဲ"

"ဒီအတိုင်းပျင်းလို့ ဒါဆို hyungကရော"

"ပူလို့"

မက်သရူးကြောင့်ဆိုတာ ရစ်ကီသိပ်သိတာပေါ့  hyung ဘက်ကဘာပြန်ဖြေမလဲသိချင်လို့မေးလိုက်တာ hyung ကမလိမ်တက်ဘဲနဲ့ လိမ်သည် ခန်းမက air-conနဲ့ပါ ပူစရာအကြောင်းမှမရှိပဲ

"ဘာလို့ရယ်နေတာလဲ"

"မဟုတ်ပါဘူး တစ်ခုခုကိုတွေးမိသွားလို့"

"ထယ်ရယ်နဲ့ကော အဆင်ပြေတယ်မဟုတ်လား"

"မပြေဘူး သူကလမ်းခွဲချင်တယ်တဲ့လေ လမ်းခွဲဖို့ဆိုတာက ကျွန်တော်ပဲဆုံးဖြတ်ရမှာမဟုတ်ဘူးလား ကျွန်တော်ဘက်ကစတဲ့ဇာတ်လမ်းပဲ ကျွန်တော်ကပဲအဆုံးသတ်ရမှာပေါ့"

"ရစ်ကီ မင်းထယ်ရယ့်ကိုချစ်မိနေတာပဲ"

"မဖြစ်နိုင်တာတွေမပြောစမ်းနဲ့hyung ကျွန်တော်ချစ်ရသူက hyung ပဲ hyung ကထာဝရ ကျွန်တော်ချစ်နေမဲ့သူပဲ hyung"

ဂျီဝန်းက ခပ်ဖွဖွရယ်မိတော့ ထိုကောင်လေးကို ဂျီဝန်းကမော့ကြည့်လာ၏

"မင်းကကိုယ့်ခံစားချက်ကို တကယ်မသိ
တာပဲ မင်းကငါ့ကိုမချစ်ပါဘူး မင်းကထင်ယောင်ထင်မှားဖြစ်နေတာ"

"hyung ကျွန်တော့်စိတ်ကိုမသိပါဘူး"

"ရစ်ကီ ငါမင်းနဲ့ငယ်ငယ်လေးနဲ့ပေါင်းလာတာပါကွာ မင်းရဲ့စိတ်နေစိတ်ထားကိုသိပ်သိတာပေါ့"

"...."

"ဒါကြောင့် မင်းရဲ့နုလုံးသားကို အရင်သိအောင်လုပ်ပါရစ်ကီ ငါ့အပေါ် အရမ်းကြီးသံယောဇဉ်မတွဲစမ်းနဲ့"

ထွက်သွားသူကိုကြည့်ရင်း ရစ်ကီတွေးတောမိသည် ရစ်ကီက ဂျီဝန်း hyung ပြောသလိုမျိုး ထယ်ရယ့်ကိုချစ်မိနေတာလား မဖြစ်နိုင်တာ ဟုတ်တယ်လုံးဝမဖြစ်နိုင်ဘူး။

~

ရေတွေအသည်းအသန်းသောက်ကာ ငြီတွားနေသူကိုကြည့်ရင်း ယူဂျင်းသက်ပြင်းချလိုက်မိ၏

"အဲ့တာများ ဘာလို့နှင်းဆီပွင့်ဖက်ကိုသွားစားရတာလဲ"

"ဟန်ဘင်းhyungကိုကြည့်ရတာ သနားလို့လေ... အာ အခုအန်ချင်လာပြီ လျှာထဲမှာတစ်မျိုးပဲ ပြီးတော့ဗိုက်ကပါအောင့်ချင်သလိုဖြစ်လာပြီ"

"ခံပေါ့ နည်းတောင်နည်းသေး"

ဂယူဘင်ကို မျက်စောင်းထိုကာပြောလာတဲ့ ယူဂျင်းလေးက တကယ့်ကိုချစ်စရာလေး

"ယူဂျင်း ဟန်ဘင်းhyungတို့တောင် အဆင်ပြေသွားပြီနော်"

"အင်း....ဟန်ဘင်းhyungက ထင်ထားတာထက်ကို ပြောင်းလဲသွားတာပဲ လူ‌အများကြီးထဲမှည ဒူးထောက်ပြီး ချစ်ခွင့်ပန်ဖို့ဆိုတာ တော်ရုံသတ္တိနဲ့ ဘယ်ရပါ့မလဲ"

"အင်းဟုတ်တယ် hyungက တော်တော့်ကိုပြောင်းလဲသွားတာ အချစ်ကြောင့်ထင်ပါရဲ့"

ယူဂျင်းက ဂယူဘင့်ကိုကြည့်နေရာကနေ အရှေ့က သစ်ပင်အိုကြီးကိုကြည့်လိုက်ရင်း စကားစလာ၏

"မင်းသိလားဂယူဘင် မာနကိုရှေ့တန်းမတင်သင့်ဘူးဆိုတာ‌လေ အဲ့မာနကပဲသေအောင်ထိကိုနာကျင်အောင်လုပ်နိုင်တယ် ငါလေအခု ငါ့မာနတွေကို ခဝါချလိုက်ချင်တော့တယ်"

ယူဂျင်းပြောတာ သိပ်မှန်ပါတယ် ဂယူဘင်က‌လည်း မာနဆိုတာကြီးကို ဖက်တွယ်နေမိတာလေ အဲ့မာနတွေကြောင့်ပဲ ဂယူဘင်တို့နှစ်ယောက်လုံး နာကျင်နေရတာမဟုတ်လား

ခ‌နပဲစောင့်ပေးပါ ယူဂျင်းငါဒီမာနတွေကိုလွှတ်ချလိုက်တော့မှာပါ။

~🌹~

A/N - ဒီနေ့တော့ ဒီလောက်ပဲစဉ်းစားလို့ရလို့ တိုသွားတယ်နော် နောက်နေ့တွေရှည်ရှည်လေးရေးပေးပါ့မယ်^^

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now