#ဟုတ်ကဲ့ ကျတော်နားလည်ပါတယ် ကျတော်လည်း ဒီလောက်ထိဖြစ်စေဖို့ မရည်ရွယ်ခဲ့တာမို့ တောင်းပန်ပါတယ် အန်ကယ် ကျတော် တာဝန်ယူပါ့မယ် #
တကယ်ပင် တမင်ရည်ရ်ွယ်ပြီးလုပ်ခဲ့ခြင်းမဟုတ်ပါ။ ငယ်ငယ်ထဲက ဘယ်သူကိုမှ နာကျင်အောင်မလုပ်ခဲ့ဖူးသည့် jiwoong က ခုသူ့ကြောင့် လူတစ်ယောက်လက်ကျိုးမဲ့အခြေနေထိဖြစ်ခဲ့တာကြောင့် တကယ်ပင်တုန်လှုပ်နေဆဲပါ ။
"Hyung... hyung !!"
အတွေးစတစ်ချို့က ဖုန်းဝင်သွားပြီဖြစ်သည့် ဖုန်းထဲမှ တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကြောင့် လွင့်ပျယ်သွားကာ ကိုယ်လေးတုန်တက်သွားတယ်။
" ကျတော်ခေါ်နေတာကြားလား မနက်က တစ်မနက်လုံး ကျတော် ဖုန်းတွေ ခေါ်နေတာ ဘာလို့မကိုင်တာလည်း ခု hyung ဘယ်မှာလဲ ။ သူတို့ hyung ကို ဘာလုပ်သေးလဲ ။hyung ဟယ်လို ...ကျတော်ပြောတာကြားလား ?!!! "
တစ်ဖက်က ဒေါသသံ အနည်းငယ်ပါနေတဲ့ လူတစ်ယောက်က ဆက်တိုက်ဆိုသလိုမေးခွန်းတွေမေးနေကာ စိတ်မရှည်တဲ့လေသံတွေပါလာတာမို့ jiwoong ဖုန်းကို နားလေးနားက အနည်းခွာလို့ နားထောင်နေရတယ် ။ တကယ် ဒေါသကြီးလိုက်တဲ့ကောင်လေး ။
"Han bin အသက်ရှုပါဦး မင်းကလည်း "
"Hyung မသိဘူးလား မနက်ထဲကနေ ခုညနေထိ ကျတော့် မှာ စာသာသင်နေရတာ ဆရာမဘာတွေသင်သွားမှန်းလည်း ထမင်းလည်းစားမဝင် ဘာလုပ်လို့ ဘာတြွေဖစ်မှန်းမသိဘူး Hyung ကို စိတ်ပူနေတာ "
တစ်ဖက်han bin ရဲ့ စကားကြောင့် jiwoong ကခပ်သဲ့သဲ့ ရယ်ရင်း။
" အဟင်းးး hyung ဘာမှ မဖြစ်ပါဘူး ကွာ စိတ်မပူနဲ့တော့ နော် အလောက်ကြီး ။ ဪ Han bin ...hyung ညီလေးကို ညနေကျောင်းဆင်းရင် ဒေါ်လေး ဆီ သွားပို့ပေးပါလား Hyung ဒေါ်လေးကို ဖုန်းကြိုဆက်ပြီး အကျိုးအကြောင်းပြောထားလိုက်မယ် နော်"
" အင်းကျတော်အတာကို သိပြီမို့ ခု hyung ကဘယ်မှာလဲ မနက်က Yu Jin လေးကို လာပို့သွားတဲ့သူတွေ Hyung ကိုခေါ်သွားတာတဲ့ Yu Jin လေး ပြောပြတာ အကောင်တွေ ဘာလုပ်သေးလဲ Hyung ကို ဟမ် !! "
Han bin က စိတ်ကြီးပြီး အမြဲ သွက်သွက်လပ်လပ်ရှိတဲ့ လူငယ်လေးတစ်ယောက် မိဘတွေကလည်း ကြီးကြီးတပ် ချမ်းသာကြပြီး ညီဖြစ်သူကို ကျောင်းပို့ကျောင်းကြို လုပ်ခဲ့ရာမှ စီးပွားရေး major က Second years ကျောင်းသားလေး ဖြစ်တဲ့ Sung Han bin ဆိုတဲ့ ကောင်လေးနှင့်ရင်းနှီးခဲ့ခြင်း ။ ရင်းနှီးခဲ့တယ်ဆိုတာ ထိုကောင်လေးက ချဉ်းကပ်ခဲ့လို့ပါ။ ခုလည်း စိတ်တိုနေတာ အော်ပြောနေတဲ့ဖုန်းထဲကအသံပါဝါကပင် နားစည်ကို ရိုက်ခတ်ကာ ကွဲထွက်တော့မလိုပင်။
YOU ARE READING
... Don't cry...❌ Stopping ❌
FanfictionRiwoong ပါ Woongri မဟုတ်ပါဘူး roleမခွဲရင်တော့အဆင်ပြေပါတယ်။
part 4
Start from the beginning
