part 4

584 47 20
                                        

အပိုင်း ၎

ဖုန်းတစ်လုံး ကိုကိုင်လို့ ဝန်းရံတာ မှာ ရှေ့လျှောက်နောက်လျှောက် လုပ်နေသည့် jiwoong ။ အဝင် Callများစွာ သူ့အားခေါ်ဆိုထားသော တစ်ယောက်ယောက် ကိုဖုန်းပြန်‌ခေါ်နေကာ လက်လေးတစ်ဖက်ကိုလည်း ပါးစပ်၌ကိုက်ထားသေးသည်။ ငိုချင်ယဲ့ယဲ့ မျက်နှာလေးကို ထိန်းရင်း တစ်ဖက်က ဖုန်းဝင်ခြင်းကို စောင့်ဆိုင်းနေလေတယ် ။ နားထဲမှာပြန်ကြားနေတဲ့ သခင်ကြီး Shen lui ရဲ့ တည်တည်ငြိမ်ငြိမ်ဖြင့် သြဇာအာဏာကြီးသူပီပီ တစ်ခွန်းခြင်းပြောခဲ့သောစကားသံတွေကလည်း ပြန်ကြားယောင်နေသေး၏

# အန်ကယ်သားက မောင်ရင်‌ကြောင့် ခုခြေနေထိဖြစ်ခဲ့တာမို့ အန်ကယ်သားနေပြန်မကောင်းမချင်း မောင်ရင်ကအနီးကပ်ပြုစုစောင့်ရှောက်‌ပေးရမယ် ။ ငယ် ငယ်ကတည်းက ဘယ်သူ့လက်နဲ့ရွယ်တာမှ အန်ကယ်သားကို ခံခဲ့တာမဟုတ်ဘူး ခုမောင်ရင်ကြောင့် လက်မကျိုးရုံတမယ်ပဲ အတော့ မောင်ရင်မှာတာဝန်ရှိတယ်ထင်တယ်မလား#

#ဟုတ်ကဲ့ ကျတော်နားလည်ပါတယ် ကျတော်လည်း ဒီလောက်ထိဖြစ်စေဖို့ မရည်ရွယ်ခဲ့တာမို့ တောင်းပန်ပါတယ် အန်ကယ် ကျတော် တာဝန်ယူပါ့မယ် #

တကယ်ပင် တမင်ရည်ရ်ွယ်ပြီးလုပ်ခဲ့ခြင်းမဟုတ်ပါ။ ငယ်ငယ်ထဲက ဘယ်သူကိုမှ နာကျင်အောင်မလုပ်ခဲ့ဖူးသည့် jiwoong က ခုသူ့ကြောင့် လူတစ်ယောက်လက်ကျိုးမဲ့အခြေနေထိဖြစ်ခဲ့တာကြောင့် တကယ်ပင်တုန်လှုပ်နေဆဲပါ ။

"Hyung... hyung !!"

အတွေးစတစ်ချို့က ဖုန်းဝင်သွားပြီဖြစ်သည့် ဖုန်းထဲမှ တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကြောင့် လွင့်ပျယ်သွားကာ ကိုယ်လေးတုန်တက်သွားတယ်။

" ကျတော်ခေါ်နေတာကြားလား မနက်က တစ်မနက်လုံး ကျတော် ဖုန်း‌တွေ ‌ခေါ်နေတာ ဘာလို့မကိုင်တာလည်း ခု hyung ဘယ်မှာလဲ ။ သူတို့ hyung ကို ဘာလုပ်‌သေးလဲ ။hyung  ဟယ်လို ...ကျတော်ပြောတာကြားလား ?!!! "

တစ်ဖက်က ဒေါသသံ အနည်းငယ်ပါနေတဲ့ လူတစ်ယောက်က ဆက်တိုက်ဆိုသလိုမေးခွန်းတွေမေးနေကာ စိတ်မရှည်တဲ့လေသံတွေပါလာတာမို့ jiwoong ဖုန်းကို နားလေးနားက အနည်းခွာလို့ နားထောင်နေရတယ် ။ တကယ် ဒေါသကြီးလိုက်တဲ့ကောင်လေး ။

You've reached the end of published parts.

⏰ Last updated: May 17, 2023 ⏰

Add this story to your Library to get notified about new parts!

... Don't cry...❌ Stopping ❌Where stories live. Discover now