" နံပါတ် 887823 ကိုယ့်ဘာသာ ဝင်သွားလိုက်! "
ထိုတစ်ခွန်းသာ ပြောပြီး ရုံခန်းတွင်း file ရှာရန်သာထွက်လာခဲ့လိုက်တယ်။ တကယ် ညီက ချစ်ဖို့ကောင်းသလောက် အစ်ကို့ ကိုကျ ဘာလို့ ကြည့်မရတာလဲမပြောတတ်ဘူး။
Jiwoong ကအူကြောင်ကြောင်နဲ့ကျန်ခဲ့ကာ
" ဒီအိမ်က လူတွေက ရူးနေကြသလိုပဲ "
ခေါင်းခါရမ်းရင်းသာ အပေါ်သို့တက်လာလိုက်တယ်။
အခန်းရှေ့ရောက်တော့ ဗန်းအား လက်တသ်ဖက်ဖြင့်ထိန်းထားရင်း တစ်ဖက်က ...
" 8 8 7 8 2 ပြီးတော့ 3 " တီ......
တံခါးက တီခနဲမြည်သွားပြီမို့ တွန်းဖွင့်လောက်တော့ ပွင့်သွားလေသည်။
" ငါတကယ် မှတ်ညာဏ်ကောင်းတာပဲ "
ကိုယ့်ကို ကိုယ် ချီးမွမ်းလိုက်ရင်း တံခါးပြန်စေ့ကာ အိပ်နေပုံရတဲ့ ကုတင်ပေါ်က လူအနားသွားလို့ ဘေးက စားပွဲပေါ် စွတ်ပြုတ်ပန်းကန်အား အသာချလို့ ခုံတွင် ဝင်ထိုင်လို့ ကုတင်ပေါ်က ဖျားနေတာတောင်ချောမော နေသည့် မျက်နှာပြင်အား ကြည့်မိတယ်။
" Ricky shen မင်းက မုန်းဖို့ကောင်းလိုက်တာ "
~~~~... Don't cry...~~~~
👀ဟေ့
ဖတ်ရှုသူများအား မြူ² မှ ကျေးဇူးတင်ပါတယ်ရှင်
Uni...
အပိုင်း ၄
ဖုန်းတစ်လုံး ကိုကိုင်လို့ ဝန်းရံတာ မှာ ရှေ့လျှောက်နောက်လျှောက် လုပ်နေသည့် jiwoong ။ အဝင် Callများစွာ သူ့အားခေါ်ဆိုထားသော တစ်ယောက်ယောက် ကိုဖုန်းပြန်ခေါ်နေကာ လက်လေးတစ်ဖက်ကိုလည်း ပါးစပ်၌ကိုက်ထားသေးသည်။ ငိုချင်ယဲ့ယဲ့ မျက်နှာလေးကို ထိန်းရင်း တစ်ဖက်က ဖုန်းဝင်ခြင်းကို စောင့်ဆိုင်းနေလေတယ် ။ နားထဲမှာပြန်ကြားနေတဲ့ သခင်ကြီး Shen lui ရဲ့ တည်တည်ငြိမ်ငြိမ်ဖြင့် သြဇာအာဏာကြီးသူပီပီ တစ်ခွန်းခြင်းပြောခဲ့သောစကားသံတွေကလည်း ပြန်ကြားယောင်နေသေး၏
# အန်ကယ်သားက မောင်ရင်ကြောင့် ခုခြေနေထိဖြစ်ခဲ့တာမို့ အန်ကယ်သားနေပြန်မကောင်းမချင်း မောင်ရင်ကအနီးကပ်ပြုစုစောင့်ရှောက်ပေးရမယ် ။ ငယ် ငယ်ကတည်းက ဘယ်သူ့လက်နဲ့ရွယ်တာမှ အန်ကယ်သားကို ခံခဲ့တာမဟုတ်ဘူး ခုမောင်ရင်ကြောင့် လက်မကျိုးရုံတမယ်ပဲ အတော့ မောင်ရင်မှာတာဝန်ရှိတယ်ထင်တယ်မလား#
YOU ARE READING
... Don't cry...❌ Stopping ❌
FanfictionRiwoong ပါ Woongri မဟုတ်ပါဘူး roleမခွဲရင်တော့အဆင်ပြေပါတယ်။
part 4
Start from the beginning
