" အဖေ့ လုပ်ခဲ့တာတွေက ပြင်ဆင်ခွင့်ရှိတယ် ထင်နေတာတော့မဟုတ်ဘူးမလား ဟင် "
Kim won က ခေါင်းငိုက်စိုက်ကျသွားကာ ခေါင်းခါရမ်းတယ်။
" အလိုမဟုတ်ပေမယ့် အဖေ့ကိုတော့ သားကြီးတို့ဘဝထဲမှာအသိမှတ်ပြုပေးချင်ရုံပါ ပဲ သားကြီးရာ "
"ပြုပါတယ် ဘာမှ ပြင်ဆင်လို့မရတဲ့ အရာက အဖေက ကျတော်နဲ့ညီလေးရဲ့ အဖေဆိုတာပဲလေ အသိမှတ်ပြုပေးထားပါတယ် ကျတော်သွာပြီး "
Jiwoong ကထိုနေရာမှ ထွက်သွားတယ်။ ဖခင်ဖြစ်သူကတော့ သူထွက်သွားသည်ကို အဆုံးထိ လိုက်ကြည့်တယ်။
ခုချိန် အမေသာ မသေပဲ လောကမှာရှိနေတ်ာဆိုရင် အဖေ့ကို အခွင့်ရေးပေးမှာပါ ။ ဒါပေမယ့် အမေ ကအဖေ အငယ်နှောင်းထားခဲ့လို့ အစိတ်နဲ့သေခဲ့ရတာ ။ အစကတည်းကအမေ့ကို မချစ်ပဲ ဘာလို့ အမေ့ကို လက်ထပ်ခဲ့ပြီး ဘာလို့ကျတော်တို့ကိုမွေးခဲ့ရသေးတာလဲ အဖေက အတ်တတွေကြီးခဲ့ပြီး ခုမှ ပြင်ဆင်နေချင်သေးတာပဲ အရမ်း ရီရလွန်းနေတယ်အဖေရဲ့။ လောက ကြီးကလည်း မတရားလိုက်တာ ဘာလို့ သူတို့မိသားစုမှလဲ ?
" အစ်ကို ... အစ်ကိုရှင့် "
"အာ ဗျ ဗျား "
" ဟို သခင်လေးတွက် ညစာ လေး ညပြီရှင့် အစ်ကို သွားပို့မယ်ဆိုလို့ "
အဖေ့ ဆီကထွက်လာပြီး အိမ်ကူမလေးတွေကို သူတို့သခင်လေးတွက်စားစရာတစ်ခုခု ပြင်ဆင်ခိုင်းရင်း ထမင်းစားပွဲပေါ် ထိုင်စဉ်းစားရင်း အိမ်ကူလေးရဲ့ ခေါ်သံကြားမှ အသိပြန်ဝင်ကာ စည်းမရှိကမ်းမရှိ ကျနေတဲ့ မျက်ရည်တို့ကိုသုတ်လို့ထရပ်လိုက်တယ်။
" အာ ရပြီလား ကျေးဇူး နော် ညီမ အစ်ကိုသွားပို့လိုက်မယ် "
" ဟုတ်ကဲ့ရှင့် "
ထမင်းစားပွဲပေါ်က ဆွတ်ပြုတ်ပန်းအား ယူလို့ စားဖိုဆောင်ထဲကထွက်လာလိုက်တယ် ။
"ဪ ညီလေး ဟို အစ်ကို့ အခန်းတံခါးလေး တစ်ချက် လိုက်ဖွင့်ပေးပါလား တံခါးက လောကျသွားလောက်ပြီ "
Gyuvin က သူအားညီလေး ခေါ်ကာ အခန်းတံခါးလိုက်ဖွင့်ခိုင်းနေတဲ့သူအား မကြည်သလို ကြည့်လိုက်တယ်။ ကိုယ့်သခင်လေး ခုလို ဖြစ်နေတာ သူ့ကြောင့်မလား ? သခင်လေး နေမကောင်းရင် ရက်ကကြာတယ်။ Company အလုပ်တွေက ပုံသွားတော့မှာ Project အသစ်တွေ လည်း လုပ်ဖို့စီစဉ်ထားပြီးကာမှ နေမကောင်ူတာ ရက်သာရှည်ရင် ပြိုင်ဘက် Company က ပြန်ပြီးလက်ဦးမှုယူသွားနိုင်တာမို့ ဒီချိန်စိတ်မအေးဆုံးက gyu vin ပင်ဖြစ်လိမ့်မယ် ။
YOU ARE READING
... Don't cry...❌ Stopping ❌
FanfictionRiwoong ပါ Woongri မဟုတ်ပါဘူး roleမခွဲရင်တော့အဆင်ပြေပါတယ်။
part 4
Start from the beginning
