" Hyung ဒီမှာ ဘယ်လောက်နေရမယ်မသိသေးဘူး ကိစ်စတစ်ချို့ ဖြစ်ခဲ့တယ် အကြောင့် Hyung ပြန်မလာသေးခင်ထိ ညီလေး ကို ကျောင်းသွား ကျောင်းပြန်ဝင်ခေါ်/ပို့ ပြီး ကျောင်းမှာလည်း ဂရုစိုက်ပေးနိုင်မလားလို့ပါ သိပ်မကြာပါဘူး အနည်းဆုံး တစ်ပတ်ပါပဲ "
" ရတယ် hyung သာ ထိခိုက်ဒဏ်ရာ တစ်ခုမရှိပဲပြန်လာခဲ့ အတာ ကျတော့် ရဲ့ ပြန်တောင်းဆိုမှု ကတိပေး! "
Jiwoong က ထပ်ပြုံးပြန်ပါတယ်။ ပြီးကာမှ
"အင်း ကတိပေးတယ် ဘာမှမထိခိုက်စေရဘူး နော် hyung ညီလေးကိုလည်း ဘာမှမထိခိုက်အောင် စောင့်ရှောက်ပေး ကတိပေး "
" စိတ်ချပါ ကတိပေးတယ် hyung ညီလေးက ကျတော့် ညီလေးပဲ"
" အင်း ကျေးဇူး နော် Han bin အများကြီး ကျေးဇူးတင်တယ်"
"မလိုဘူးလေ အတာတွေ "
"အဆို ဒါပဲ နော် ကျောင်းဆင်းခါနီးပြီ စာကောင်းကောင်းသင်တော့ ညီလေးကိုတော့ သေချာလေး ပို့ပေးနော်"
"ဟုတ်ကဲ့ ပါ Hyung "
"အင်း အင်း ဘိုင့် ..."
ဖုန်းခေါ်ဆိုမှုလေး ပြီးဆုံးသွားတော့ ညီလေးတွက် စိတ်အေးသွားရသည်မို့ သက်ပျင်းလေး ဖွဖွချကာ အခန်းထဲသို့ ပြန်ဝင်လာရင်း ဝန်းရံတာတံခါးလေး အသာလှည့်ပိတ်ကာ နောက်အလှည့်
"အမလေး !!! လန့်လိုက်တာ!! "
ကုတင်ပေါ်တွင်ငုတ်တုတ်ထိုင်နေကာ လက်က ပတ်တ်ီး၊ နဖူးပေါ်ကပတ်တီးစီးထားသော Rickyက သူ့အားစူးရှတဲ့ မျက်လုံး များဖြင့် တည်တည်ကြီး ကြည့်နေသောကြောင့် တကယ်ပင်လန့်သွားကာ ကိုယ်လေး ကျုံ့လိုက်မိသည်။ မဟုတ်မှ ဖုန်းပြောနေတာ သိသွားတာလား ဒါနဲ့ ငါကအပစ်လုပ်ထားတဲ့သူလို ဘာလို့ ထိတ်လန့်သွားရတာလည်း ။
*မသိရင်ပဲငါက ယောက်ျားမသိအောင် နောက်တစ်ယောက်နဲ့ဖုန်းခိုးပြောနေတဲ့ သူလိုလို *
" ဘာမဟုတ်တာတွေ လုပ်ထားလို့ အလောက်လန့်သွားရတာလဲ ?"
" မ ...မဟုတ်တာ ? ငါက ဘာလုပ်ရမှာလည်း မင်းသာ ငါ့ကို အတင်း ဖမ်းခေါ်ခဲ့တာလေ "
ထိုအခါ Ricky က jiwoong အား အကြည့်များ လွှဲသွားရင်း
" မနက်ဖြန် ခင်ဗျားကို လိုက်ပြန်ပို့ ပေးဖို့ အမိန့်ပေးလိုက်မှာမို့ ပြန်လို့ရပြီ ဒီညတော့ အိပ်သွားလိုက်တော့ ညနေစောင်းခါန်ီးပြီ ကျတော်လည်း ခေါင်းမူးနေတုန်းမို့ မစီစဉ်ပေးနိုင်သေးဘူး"
YOU ARE READING
... Don't cry...❌ Stopping ❌
FanfictionRiwoong ပါ Woongri မဟုတ်ပါဘူး roleမခွဲရင်တော့အဆင်ပြေပါတယ်။
part 4
Start from the beginning
