" အစ်ကို ... အစ်ကိုရှင့် "
"အာ ဗျ ဗျား "
" ဟို သခင်လေးတွက် ညစာ လေး ညပြီရှင့် အစ်ကို သွားပို့မယ်ဆိုလို့ "
အဖေ့ ဆီကထွက်လာပြီး အိမ်ကူမလေးတွေကို သူတို့သခင်လေးတွက်စားစရာတစ်ခုခု ပြင်ဆင်ခိုင်းရင်း ထမင်းစားပွဲပေါ် ထိုင်စဉ်းစားရင်း အိမ်ကူလေးရဲ့ ခေါ်သံကြားမှ အသိပြန်ဝင်ကာ စည်းမရှိကမ်းမရှိ ကျနေတဲ့ မျက်ရည်တို့ကိုသုတ်လို့ထရပ်လိုက်တယ်။
" အာ ရပြီလား ကျေးဇူး နော် ညီမ အစ်ကိုသွားပို့လိုက်မယ် "
" ဟုတ်ကဲ့ရှင့် "
ထမင်းစားပွဲပေါ်က ဆွတ်ပြုတ်ပန်းအား ယူလို့ စားဖိုဆောင်ထဲကထွက်လာလိုက်တယ် ။
"ဪ ညီလေး ဟို အစ်ကို့ အခန်းတံခါးလေး တစ်ချက် လိုက်ဖွင့်ပေးပါလား တံခါးက လောကျသွားလောက်ပြီ "
Gyuvin က သူအားညီလေး ခေါ်ကာ အခန်းတံခါးလိုက်ဖွင့်ခိုင်းနေတဲ့သူအား မကြည်သလို ကြည့်လိုက်တယ်။ ကိုယ့်သခင်လေး ခုလို ဖြစ်နေတာ သူ့ကြောင့်မလား ? သခင်လေး နေမကောင်းရင် ရက်ကကြာတယ်။ Company အလုပ်တွေက ပုံသွားတော့မှာ Project အသစ်တွေ လည်း လုပ်ဖို့စီစဉ်ထားပြီးကာမှ နေမကောင်ူတာ ရက်သာရှည်ရင် ပြိုင်ဘက် Company က ပြန်ပြီးလက်ဦးမှုယူသွားနိုင်တာမို့ ဒီချိန်စိတ်မအေးဆုံးက gyu vin ပင်ဖြစ်လိမ့်မယ် ။
" နံပါတ် 887823 ကိုယ့်ဘာသာ ဝင်သွားလိုက်! "
ထိုတစ်ခွန်းသာ ပြောပြီး ရုံခန်းတွင်း file ရှာရန်သာထွက်လာခဲ့လိုက်တယ်။ တကယ် ညီက ချစ်ဖို့ကောင်းသလောက် အစ်ကို့ ကိုကျ ဘာလို့ ကြည့်မရတာလဲမပြောတတ်ဘူး။
Jiwoong ကအူကြောင်ကြောင်နဲ့ကျန်ခဲ့ကာ
" ဒီအိမ်က လူတွေက ရူးနေကြသလိုပဲ "
ခေါင်းခါရမ်းရင်းသာ အပေါ်သို့တက်လာလိုက်တယ်။
အခန်းရှေ့ရောက်တော့ ဗန်းအား လက်တသ်ဖက်ဖြင့်ထိန်းထားရင်း တစ်ဖက်က ...
" 8 8 7 8 2 ပြီးတော့ 3 " တီ......
တံခါးက တီခနဲမြည်သွားပြီမို့ တွန်းဖွင့်လောက်တော့ ပွင့်သွားလေသည်။
" ငါတကယ် မှတ်ညာဏ်ကောင်းတာပဲ "
ကိုယ့်ကို ကိုယ် ချီးမွမ်းလိုက်ရင်း တံခါးပြန်စေ့ကာ အိပ်နေပုံရတဲ့ ကုတင်ပေါ်က လူအနားသွားလို့ ဘေးက စားပွဲပေါ် စွတ်ပြုတ်ပန်းကန်အား အသာချလို့ ခုံတွင် ဝင်ထိုင်လို့ ကုတင်ပေါ်က ဖျားနေတာတောင်ချောမော နေသည့် မျက်နှာပြင်အား ကြည့်မိတယ်။
" Ricky shen မင်းက မုန်းဖို့ကောင်းလိုက်တာ "
~~~~... Don't cry...~~~~
👀ဟေ့
ဖတ်ရှုသူများအား မြူ² မှ ကျေးဇူးတင်ပါတယ်ရှင်
KAMU SEDANG MEMBACA
... Don't cry...❌ Stopping ❌
Fiksi PenggemarRiwoong ပါ Woongri မဟုတ်ပါဘူး roleမခွဲရင်တော့အဆင်ပြေပါတယ်။
part 4
Mulai dari awal
