" တာဝန်အရ Ricky တာဝန်အရ ။ ငါ တာဝန်ယူချင်ရုံသက်သက်ပဲ ။ မင်းကို စိတ်ပူတယ်ဆိုတာမရှိဘူး။ ငါ့ကြောင့်ဖြစ်ခဲ့တဲ့အတွက် မင်းနေပြန်ကောင်းပြီသက်သာတဲ့အထိ ငါဒီမှာနေပြီး ပြုစုပေးမယ်။ ပြီးရင် ငါပြန်မှာ ငါ့အဖေရဲ့အကြွေးတွေကိုလည်း ငါတစ်လတွင်း အကြေဆပ်ပေးမယ် ဒီလောက်ပဲ "
Ricky က ဆောင်ပုံကြားကနေ မသိမသာ ရင်ဘတ်လေးအား ဖိထားလိုက်တယ်။ တာဝန်အရ တဲ့ ! ဒီစကားက Kim ji woong ပါးစပ်ကပြောလာတာကြောင့် ရင်ဘတ်ထဲက ဆူးခနဲနာတာလား နေမကောင်းရင် ထထဖြစ်တတ်တဲ့ သူနဲ့ Dadသာသိသည့် သူ့ရဲ့ရောဂါကြောင့်လား ဝေခွဲမရခဲ့ဘူး ။ တကယ် ရင်ဘတ်နားက တအားနာတယ်။
"ထွက်သွားပေး "
Ricky က ချွေးများ စို့နေသည့် နဖူးပြင်အား လက်ဖြင့် ထောက်လို့ ခပ်အေးအေး ဆိုတယ် ။
" စားဖို့တွက် တစ်ခုခု လုပ်ခဲ့မှာမို့ ခဏစောင့်ပေး ဆေးမသောက်ရင်အဖျားကြီးပြီး ငါ့ဆီက အကြွေးမရခင် သေသွားလိမ့်မယ် "
Jiwoong က ပြောပြီးသည်နှင့် အခန်းပြင်ထွက်သွားခဲ့တယ် ။ ထိုအခါမှ Ricky က လက်တစ်ဖက်ဖြင့်ရင်ဘတ်အား အားနဲ့ဖိလို့ ညည်းညူမိတယ် ။
" အားးးဟင်းးးးအာ့ Mom ဘာလို့ သားတွက် ထားခဲ့တဲ့အမွေက ရောဂါဖြစ်နေခဲ့ရတာလဲ ? အလောက်ထိ မုန်းနေမယ် မထင်ခဲ့ဘူး အားးးနာတယ် သားတကယ်နာကျင်တယ် "
အိပ်ယာပေါ်မှာ လက်ကအနာရှိန်ကိုပင်မေ့ကာ ရင်ဘတ်က စူးအောင်နေတဲ့ ဒဏ်က ပိုပျင်းနေတာမို့ လူးလှိမ့်နေခဲ့တယ်။
#မင်းကိုလေ ငါမွေးပဲမွေးပေးခဲ့တာ ဘယ်တုန်းကမှ ငါ့သားလို့ မသတ်မှတ်ခဲ့ဘူး Ricky shen ရဲ့ မင်းကို ငါလိုလိုလားလား မွေးခဲ့တာမဟုတ်ဘူး တာဝန်အရ တာဝန်အရ မွေးပေးခဲ့တာ မင်းသိလား ? #
Ricky ၏ မျက်ခမ်းထောင့်လေးမှ မျက်ရည်စီးကြောင်းလေးတစ်ခု က ဖြတ်သန်းတယ် ။ ရင်ဘတ်က စူးအောင့် မှုတွေက တည်ငြိမ်စပြုလာတယ်။ ဘယ်လောပ်ပဲ အမျာူအမြင်မှာ သန်မာတဲ့ သူဆိုပေဦးတော့ အပျင်းဖျားတဲ့အချိန်မျိုးတွေဆိုသခင်လေး Ricky shen ဟာ တကယ့်ကလေးတစ်ယောက်ပမာလို သိမ်ငယ်စိတ်ဝင်ကာ အတိတ်တွေကို ပြန်တမ်းတပြီး ငိုကြွေးတတ်တာက ဘယ်တော့မှပျောက်ကွယ်သွားမှမဟုတ်တဲ့ အကျင့်တစ်ခု ။ မျက်လုံးအိမ်လေးများ မှတ်ချလိုက်တယ်ခဏတာ လောကနဲ့ အဆက်သွယ်ပျက်ရင်း ... ။
YOU ARE READING
... Don't cry...❌ Stopping ❌
FanfictionRiwoong ပါ Woongri မဟုတ်ပါဘူး roleမခွဲရင်တော့အဆင်ပြေပါတယ်။
part 4
Start from the beginning
