"အမလေး !!! လန့်လိုက်တာ!! "

ကုတင်‌ပေါ်တွင်ငုတ်တုတ်ထိုင်နေကာ လက်က ပတ်တ်ီး၊ နဖူးပေါ်ကပတ်တီးစီးထားသော Rickyက သူ့အားစူးရှတဲ့ မျက်‌လုံး များဖြင့် တည်တည်ကြီး ကြည့်နေသောကြောင့် တကယ်ပင်လန့်သွားကာ ကိုယ်လေး ကျုံ့လိုက်မိသည်။ မဟုတ်မှ ဖုန်းပြောနေတာ သိသွားတာလား ဒါနဲ့ ငါကအပစ်လုပ်ထားတဲ့သူလို ဘာလို့ ထိတ်လန့်သွားရတာလည်း ။

*မသိရင်ပဲငါက  ယောက်ျားမသိအောင် နောက်တစ်ယောက်နဲ့ဖုန်းခိုး‌ပြောနေတဲ့ သူလိုလို *

" ဘာမဟုတ်တာတွေ လုပ်ထားလို့ အလောက်လန့်သွားရတာလဲ ?"

" မ ...မဟုတ်တာ ? ငါက ဘာလုပ်ရမှာလည်း မင်းသာ ငါ့ကို အတင်း ဖမ်းခေါ်ခဲ့တာလေ "

ထိုအခါ Ricky က jiwoong အား အကြည့်များ လွှဲသွားရင်း

" မနက်ဖြန် ခင်ဗျားကို လိုက်ပြန်ပို့ ပေးဖို့ အမိန့်ပေးလိုက်မှာမို့ ပြန်လို့ရပြီ ဒီညတော့ အိပ်သွားလိုက်တော့ ညနေစောင်းခါန်ီးပြီ ကျတော်လည်း ခေါင်းမူးနေတုန်းမို့ မစီစဉ်ပေးနိုင်သေးဘူး"

ထို့သိူ့ပြောလာတော့jiwoong က မျက်စောင်းတစ်ချက်ထိုးလို့ ဖုန်းအား ဘောင်းဘ‌ီအိတ်ထဲ ထည့်လိုက်ကာ ကုတင်ပေါ်က Rick အနားသွားလို့ နဖူးအား လပ်ဖြင့် စမ်းကြည့်တော့ Ricky ကလန့်သွားပုံရကာ ခေါင်းအား ရှောင်လိုက်တယ်။

"ဘာလုပ်တာလဲ ?"

"ကိုယ် ပူသေးလား မပူတော့ဘူးလား စမ်းတိုင်းမို့လေ ငြိမ်ငြိမ်နေ "

Jiwoong ကပိတ်ဟောက်လိုက်ကာ တဖန် သူ့နှဖူးအားတစ်ဖက် Ricky နှဖူး အားတစ်ဖက်အဖျားစမ်းကြည့်တယ်။

" ဟင် မင်းကိုယ်တွေ တအားပူနေတာပဲ ‌နေ့လည်ကဘာမှမစားပဲအိပ်ပျော်သွားတာမလား ? ခု ဘာစားမလဲ ဆေးလည်း သောက်ရဦးမှာ "

စိုးရိမ်တကြီးပြောနေတဲ့ ရှေ့က လူအား Ricky ကနားမလည်သလို ကြည့်တယ်။

" ခင်ဗျား က ခု ကျတော့်ကို စိတ်ပူနေတာလား ?"

သိချင်လိုစိတ်နဲ့ မေးလာခဲ့တဲ့ Ricky,ထိုအခါ jiwoong က မျက်လုံး များအကြည့်လွှဲရင်း အံ့ကြိတ်ကာနောက် တစ်ကြိမ် Rickyမျက်လုံးများအား ပြန်ကြည့်ကာ

You've reached the end of published parts.

⏰ Last updated: May 17, 2023 ⏰

Add this story to your Library to get notified about new parts!

... Don't cry...❌ Stopping ❌Where stories live. Discover now