အမြဲတမ်း ဒီအိမ်မှာနေရင်လည်း ဒါလင့်ရဲ့အခန်းထဲမှာသာ အတူနေတတ်ကြပြီး အခန်းခွဲနေတာမျိုးက မရှိသလောက်ရှားသလို ဘယ်နေရာသွားသွား နှစ်ယောက်တစ်ခန်းသာနေသည်။

အခန်းတံခါးဖွင့်လိုက်တာနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ရနံ့က နှာခေါင်းထဲတိုးဝင်လာပြီး စိတ်ကိုအေးချမ်းသွားသလိုခံစားသွာရပြီး တံခါးကိုလော့မချဘဲ မွေ့ရာအနားကိုသွားလိုက်တော့ တစ်ဖက်မှာရှိတဲ့ စားပွဲဝိုင်းလေးပေါ်က ပန်းအိုးလေးကို ကြည့်မိသွားသည်။

ပန်းအိုးလေးထဲမှာက တခြားပန်းတွေမရှိဘဲ နွမ်း ကြိုက်တတ်တဲ့ နေကြာပန်းကြီးကြီးတစ်ပွင့်သာရှိနေပြီး နေ့တိုင်းပန်းလဲထားပေးပုံရတာမို့ ပန်းက လန်းဆန်းကာ လှပနေလေသည်။

ဒါလင်က နွမ်းအကြိုက်ကိုဆို အမြဲတမ်းအလေးထားနေတော့တာပဲ။

ချမ်းသာကြွယ်သူတစ်ယောက်ဖြစ်တဲ့အပြင် မျိုးရိုးမြင့်ထဲကမို့ ဒါလင်က ဘုရင်တစ်ပါးရဲတိုက်လိုခမ်းနာတဲ့ အိမ်အပြင်အဆင်မျိုးကိုသာ နှစ်သက်ပြီး အိပ်ခန်းကိုလည်း တန်ဖိုးကြီး ပစ္စည်းတွေကိုသုံးသည်။

လူ၅ယောက်လောက် အေးအေးဆေးဆေးအိပ်လို့ရတဲ့ King size  မွေ့ရာကြီးအနားကိုသွားရင်း နွမ်းမှာ သဘောကျပြံးလျက် မွေ့ရာပေါ်ကို လဲလျောင်းနေလိုက်သည်။

ရုတ်တရက်ဘဲ တုန်လာလာတဲ့ ဖုန်းကြောင့် အင်္ကျီကုတ်ထဲကိုနှိုက်ပြီး ကြည့်လိုက်တော့ ခေါ်ဆိုသူက သေချာပေါက် ဒါလင်သာဖြစ်သည်။

screen ပေါ် Darling ဆိုတဲ့ စကားလုံးကို အချိန်ကြာကြီးဖတ်နေပြီး အစိမ်းရောင်ခလုပ်ကလေးကိုတော့ နွမ်းမှာ ဆွဲဖွင့်ခြင်းမရှိသလို ခပ်ရေးရေးပြုံးရင်း ဖုန်းကို အသံပိတ်ကာ မွေ့ရာပေါ်ပစ်တင်လိုက်တော့သည်။

ခေါ်စမ်းပါလေ စိတ်ကြိုက်ခေါ်စမ်းပါလေ။

ဝတ်ထားတဲ့အဝတ်အစားတွေကို ချွတ်ပြီးနောက်မှာတော့ နွမ်းမှာ ဝတ်လစ်စလစ်နှင့် ရေချိုးခန်းထဲကို ဝင်သွားလိုက်ပြီး ကိုယ်လုံးပေါ်မှန်ကြီးကို အချိန်အတော်ကြာအောင်ငေးနေမိပြန်သည်။

နွမ်းမှာ အသက် ၃၀ကျော် အမျိုးသားတစ်ယောက်ဖြစ်သော်လည်း အသက်၂၀ကောင်လေးတစ်ယောက်လို နုပျိုနေဆဲ။နူးညံ့တဲ့ စိတ်အခံရှိတဲ့အပြင် အလှအပကိုလည်း သဘောကျတာကြောင့် အလှကုန်ပစ္စည်းမျိုးစုံကတော့ နွမ်းရဲ့ မှန်တင်ခုံပေါ်မှာ နေရာအပြည့်ယူထားတတ်သည်။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now