တစ်ကယ်ပဲဘာဖြစ်နေလို့လဲ။
ဒီကျောင်းမှာဒီဝင်ပေါက်ကလွှဲရင်တခြားထွက်စရာ
ဘယ်အပေါက်တွေရှိနေသေးလို့ မထွက်လာရသေးတာလဲ။
စိတ်မရှည်လိုက်တာ။

ခြေတံအရှည်ကြီးနဲ့ခြေလှမ်းတစ်လှမ်းတစ်လှမ်း
အကျယ်ကြီးလှမ်းနေတဲ့ဂယူဘင်းက ဖွင့်ရက်သားဂိုထောင်တံခါးကိုမြင်တော့
နောက်တစ်ခါထပ်ပြီးစုတ်သပ်မိလိုက်တယ်။

အထဲမှာရှိနေသေးတယ်လို့တော့ မပြောနဲ့နော်
တစ်ခုခုဖြစ်နေတာတော့မဟုတ်ဘူးမလား။
ဘာမှန်းမသိ ဂယူဘင်းစိုးထိတ်သွားမိသည်။

အလောတကြီးခြေလှမ်းကျဲတွေနဲ့အထဲဝင်သွားမိတော့
နဂိုကတည်းမှောင်ပိန်းနေတဲ့ဂိုထောင်ကြီးမို့အထဲကအရာတွေကို
ဘာဆိုဘာမှမမြင်ရ။

ဂယူဘင်းလက်ထဲကဖုန်းမီးကိုဖွင့်လိုက်ကာ
ဂိုထောင်အတွင်းပိုင်းပတ်ပတ်လည်ကိုဝေ့ဝိုက်ကြည့်မိတော့
ပစ္စည်းတွေစုပုံထားတဲ့အလယ်တည့်တည့်က
လွတ်နေတဲ့နေရာမှာ ဒူးပိုက်ပြီးကျုံ့ကျုံ့လေးထိုင်နေသည့်
ကောင်လေးကိုမြင်လိုက်ရတော့သည်။

မီးရောင်ကိုမြင်သွားတော့သူရှိနေရာကိုခေါင်းလေးစောင်းကြည့်လာတဲ့အခါ
ဂယူဘင်းအရောင်တလဲ့လဲ့ဖြစ်နေတဲ့ခွေးပေါက်လေးတစ်ကောင်ရဲ့မျက်လုံးလေး​တွေကိုကြည့်လိုက်မိသလိုခံစားလိုက်ရတော့တယ်။

မျက်လုံးဝိုင်းလေးတွေ...။

"ကျစ် တစ်ကယ်ပဲဘာလုပ်နေမှန်းကိုမသိဘူး"

ခပ်မြန်မြန်အကြည့်လွှဲပြီး ထိုကောင်လေးထိုင်နေရာဆီလျှောက်သွားမိတော့
ဂယူဘင်းကိုနားမလည်နိုင်တဲ့အကြည့်တွေနဲ့ခပ်စိမ်းစိမ်းကြည့်လို့နေတယ်။

သူ့ကိုစိတ်မနှံ့တဲ့သူတစ်ယောက်လိုမော့ကြည့်နေတဲ့ကောင်လေးကို
ဂယူဘင်းကလည်းရှုတည်တည်နဲ့ပြန်ငုံ့ကြည့်နေမိသည်။

"မပြန်သေးဘဲဘာလုပ်နေတာလဲ
အမှောင်ကိုအဲ့လောက်ကြိုက်နေတာလား
ပြန်တော့ ထ "

ဂယူဘင်းပြောပြီးတာနဲ့ ဘောင်းဘီအိတ်ကပ်ထဲလက်ထိုးထည့်ကာ
ဟန်မပျက်လှည့်ထွက်ဖို့ပြင်လိုက်ပေမယ့် ခြေလှမ်းတွေကနောက်မဆုတ်မိသေး။
ရပ်နေရာကနေ တစ်ချက်လေးမှမရွေ့သေးတာဆိုပိုမှန်တယ်။

Can You Love Me Like That?Where stories live. Discover now