3.

638 109 11
                                    

"ဟန်ယူဂျင်းဆိုတဲ့သူ့ကို စိတ်ဒုက္ခတွေလာပေးနေတာပဲ"

Oh, can I ask of you
To treat me soft and tender.

|

ကျောင်းရောက်ရောက်ချင်း သူထိုင်တဲ့နေရာကို
မြင်လိုက်တာနဲ့ယူဂျင်းသက်ပြင်းချလိုက်မိတယ်။

သူ့နေရာတစ်ဝိုက်မှာပဲပွစာကြဲနေတဲ့အမှိုက်တွေ။

တစ်ဆက်တည်းခေါင်းထဲဝင်လာတာက
သူ့ကိုနေ့လည်စာကျွေးခဲ့တဲ့ဟိုမျက်နှာရူးကြီး။

မှုန်ကုပ်နေတဲ့မျက်နှာနဲ့ယူဂျင်းက
သူ့စားပွဲခုံနားရောက်တဲ့အခါ အနှုတ်ပုံစံ
တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းကမဲ့ကျသွားတော့တယ်။

သူ့ထိုင်ခုံကမရှိတော့ပြန်ဘူး။

ကျက်သရေတုံးလူ့အမှိုက်ကတော့လေ..။

မနေ့ကသူ့ကိုထမင်းခေါ်ကျွေးခဲ့လို့ ယူဂျင်းက
အဲ့အရူးကိုဟုတ်လှပြီထင်နေတာ
အဲ့ဒါကိုမုန်တိုင်းမလာခင်လေပြေလို့တော့မတွေးခဲ့မိဘူးပဲ။

တစ်ကယ် နည်းနည်းလေးမှအကောင်းဘက်ကတွေးပေးလိုက်လို့မဖြစ်တဲ့လူပဲ။

အုံ့မှိုင်းနေတဲ့မျက်နှာနဲ့ ခေါင်းပေါ်ကနေလျှပ်စီးတန်းတွေပစ်ချနေတဲ့
ယူဂျင်းက သူ့စားပွဲပေါ်ကတစ်ခုတည်းသော
စာရွက်အဝါလေးကိုကောက်ယူလိုက်တယ်။

"မင်းထိုင်ခုံကိုပြန်လိုချင်ရင် ခေါင်းမိုးထပ်ကိုလာခဲ့"

ဆိုတဲ့စာကြောင့် ယူဂျင်းကကျစ်ခနဲစုတ်သပ်လိုက်မိတော့တယ်။

ဘယ်လောက်ထိများသူ့ကိုဒုက္ခပေးဖို့ရည်ရွယ်ထားတာလဲ အဲ့အရူးက။

မသွားပါဘူး သွားစရာလား။
ထိုင်ခုံလိုချင်ရင် ကျောင်းသုံးပစ္စည်းတွေထားတဲ့ဂိုထောင်ကနေသွားယူမှာပေါ့။
တကူးတကခေါင်မိုးထပ်အထိသွားပြီး
အဲ့လူနဲ့ရန်ဖြစ်ပြီးမှ ခုံကြီးသယ်ပြီးပြန်မဆင်းလာချင်ပါဘူး။

ခေါ်တိုင်းသွားရအောင် သူကအဲ့လောက်လွယ်တဲ့လူမှမဟုတ်တာ။

သူ့ဟာသူကျေနပ်နေတဲ့ ယူဂျင်းကအဲ့လိုနဲ့ပဲ၏
သူတို့အဆောင်ဘေးမှာရှိတဲ့ ဂိုထောင်ကြီးကိုရောက်လာခဲ့တော့တယ်။

Can You Love Me Like That?Where stories live. Discover now